Latin America
ဘရာဇီးတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှု ကြောင့် ဘရာဇီး သတ္တုတူးဖော်ရေးကုမ္ပဏီ ဥက္ကဋ္ဌဟောင်း နှင့် ၎င်း၏ မိသားစုများသေဆုံး

ရီယို ဒီ ဂျနိုင်းရို၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ Sao Paulo မြို့ တွင် မတ်လ ၁၉ ရက်က လေယာဉ်ငယ်တစ်စီးပျက်ကျမှု ကြောင့် အနည်းဆုံး ၇ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်အရသိရသည်။
မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ လေယာဉ်ငယ်အား ဘရာဇီး သတ္တုတူးဖော်ရေးကုမ္ပဏီကြီးဖြစ်သည့် Vale ၏ ဥက္က္ကဋ္ဌဟောင်း Roger Agnelli ကပိုင်ဆိုင်ကြောင်း သိရသည်။
O Globo နေ့စဉ်သတင်းစာ တွင်ဖော်ပြထားချက်အရ Agnelli အပါအဝင် ၎င်း၏ဇနီး၊ ကလေး နှစ်ယောက်၊ သားမက်၊ ချွေးမ နှင့် လေယာဉ်မှူး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ လေယာဉ် ပျက်ကျမှုသည် ဒေသစံတော်ချိန် နေ့လည် ၃နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး Sao Paulo မြို့တောင်ပိုင်းရှိ အိမ်တစ်အိမ်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၇ဦးစလုံးသေဆုံးခဲ့ပြီး ပျက်ကျခဲ့သည့် အိမ်တွင် နေထိုင်သည့် လူ ၇ဦးအနက် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
လေယာဉ်သည် Campo de Marte လေဆိပ်သို့ဆင်းသက်ရန် ပျံသန်းလာစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ (Xinhua)