Connect with us

Latin America

အီကွေဒေါတွင် စစ်လေယာဉ်ပျက်ကျ မှုကြောင့် ၂၂ ဦးသေ

အီကွေဒေါ နိုင်ငံတွင် ပျက်ကျခဲ့သည့် စစ်တပ်မှ Arava လေယာဉ် ၏ အပျက်အစီး အပိုင်းအစများအား တွေ့ရစဉ် (ဆင်ဟွာ)

အီကွေဒေါ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အီကွေဒေါ နိုင်ငံ အရှေ့ဘက်ရှိ Pastaza ပြည်နယ် တွင် စစ်ဖက်ဆိုင်ရာ လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လိုက်ပါလာသူ ၂၂ ဦးစလုံး သေဆုံးခဲ့ကြောင်း စစ်ဖက် အာဏာပိုင်များက မတ်လ ၁၅ ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ မတော်တဆ ဖြစ်ရပ်သည် စစ်သားများ လေယာဉ်ပေါ်မှ လေထီးခုန် လေ့ကျင့်ခန်း ပြုလုပ်ရန် ပြင်ဆင်နေစဉ် နေ့လည် ၂း၃၀ နာရီ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အီကွေဒေါနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။

လေယာဉ်မှူးသည် ဆိုးရွားသည့် ရာသီဥတု အခြေအနေကြောင့် လေယာဉ်အား ပြန်လှည့်ခွင့် ပေးရန် လေဆိပ် ထံသို့ ရေဒီယိုဖြင့် ခွင့်တောင်းခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း အီကွေဒေါ စစ်တပ်၏ လူမှုဆက်သွယ်ရေးဌာန၏ ပြောကြားချက်အရ သိရသည်။

အီကွေဒေါနိုင်ငံ သမ္မတ Rafael Correa က လေယာဉ် ပျက်ကျမှုတွင် အသက်ရှင် ကျန်ရစ်သူ မရှိဘဲ စစ်သား ၂၂ ဦး စလုံး သေဆုံးခဲ့ကြောင်း နှင့် အဆိုပါ အဖြစ်အပျက် အတွက် ဝမ်းနည်းပါကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အီကွေဒေါနိုင်ငံ လေတပ်မှ ပိုင်ဆိုင်သည့် Arava လေယာဉ်သည် Pastaza ပြည်နယ် ရှိ Shell လေဆိပ်မှ ဒေသစံတော်ချိန် ၁၂း၅၁ နာရီတွင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပေါ်၌ လေထီးစစ်သည် ၁၉ ဦး၊ လေယာဉ်မှူး နှစ်ဦးနှင့် စက်ပြင်တစ်ဦး လိုက်ပါလာကြောင်း သိရသည်။

La Palestra မြို့အနီးတွင် ပျက်ကျခဲ့သည့် Arava လေယာဉ်အား လေတပ် ရဟတ်ယာဉ် နှစ်စီးဖြင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ကာကွယ်ရေးဝန်ကြီး Ricardo Patino လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117