Latin America
ဘရာဇီးတွင် အကြီးဆုံးဖြစ်လာမည့် ဒိုင်နိုဆောရုပ်ကြွင်း အား အတည်ပြုကြေညာ

ရီယိုဒီ ဂျနေရို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ သိပ္ပံပညာရှင်များသည် နိုင်ငံအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ဒိုင်နိုဆောရုပ်ကြွင်းများအနက် အကြီးဆုံးဖြစ်လာမည့် ဒိုင်နိုဆောရုပ်ကြွင်းကြီးအား ရှာဖွေတွေ့ရှိခဲ့မှုကို အောက်တိုဘာ ၅ရက်က ကြေညာခဲ့ပြီး အဆိုပါ သတ္တဝါသည် အရှည် ၂၅မီတာ ရှည်လျားကြောင်း သိရသည်။
“Austroposeidon Magnificus” အမည်ရှိ ယင်း ဒိုင်နိုဆောသည် တီတာနိုဆောအုပ်စု တွင်ပါဝင်ပြီး ကြီးမားသည့်ကိုယ်ထည်၊ ရှည်လျားသည့် လည်ပင်းနှင့် အမြီး၊ သေးငယ်သည့် ဦးခေါင်းပါရှိသည့် အသီးအရွက်စား ဒိုင်နိုဆောဖြစ်ကြောင်း ရီယိုဒီ ဂျနေရို ကမ္ဘာ့သိပ္ပံပြတိုက် ရှိ သိပ္ပံပညာရှင်များ၏ပြောကြားချက် အရ သိရသည်။
အဆိုပါ ဒိုင်နိုဆောများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၅-၁၆၆ သန်းအတွင်း တောင်အမေရိကတိုက်၊ အာဖရိကတိုက်၊ အန္တာတိကတိုက် နှင့် ပစိဖိတ်သမုဒ္ဒရာ အနီး၌ နေထိုင်ခဲ့ကြသည်ဟု ယုံကြည်ရသည်။
အဆိုပါ အကြီးဆုံးဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း ကို ဘရာဇီးနိုင်ငံသား ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Llewellyn Ivor Priceက ၁၉၅၀ပြည့်လွန်နှစ်များတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နိုင်ငံ ၏ အကြီးဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်ကို မသိရှိလိုက်ဘဲ Priceသည် ၁၉၈၀ခုနှစ်တွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။
ထိုအချိန်မှစ၍ ယင်းရုပ်ကြွင်းအား လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၅ရက်မှသာလျှင် ရှာဖွေတွေ့ရှိမှုအား ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)