Connect with us

Latin America

ကိုလံဘီယာငြိမ်းချမ်းရေးကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ရိပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ကိုလံဘီယာခေါင်းဆောင်များတွေ့ ဆုံဆွေးနွေးနေစဉ်(ဆင်ဟွာ)

ကွီတို ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ကိုလံဘီယာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးထောက်ခံကြောင်း နှင့် ကိုလံဘီယာပြည်သူများ၏ ရွေးချယ်မှုကို လေးစားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာလ ၄ ရက်တွင်ပြောကြားလိုက်သည်။

လက်တင်အမေရိကနိုင်ငံများတရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ကိုလံဘီယာနိုင်ငံ ကွီတိုမြို့သို့ရောက်ရှိစဉ် ဝမ်ရိက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုလံဘီယာနိုင်ငံ၌ ပြည်သူတို့၏မျှော်လင့်ချက်ဖြစ်သော စစ်ပွဲများအဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိရန်မှာ အချိန်ယူလုပ်ဆောင်ရမည် ဖြစ်သကဲ့သို့တိုင်းပြည် နှင့် လူမျိုးအတွက် အခြေခံကျသော အကျိုးစီးပွားဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ကိုလံဘီယာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် အားပေးထောက်ခံမည်ဖြစ်ကြောင်း ၊ ကိုလံဘီယာနိုင်ငံအနေဖြင့်အခက်အခဲများကို ကျော်လွှားသွားနိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်မျှော်လင့်ကြောင်း နှင့်အပြီးသတ်ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အစိတ်အပိုင်းကို ရှာဖွေ ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဝမ်ရိက ဆက်လက်ပြောကြားသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.