Connect with us

Latin America

နေမာဦးဆောင်မှုဖြင့် ဘရာဇီးအသင်းသည် ဘိုလီးဗီးယားအသင်းအား ၅ ဂိုးပြတ်ဖြင့် အနိုင်ရ


နက်တယ် ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

တိုက်စစ်မှူးနေမာ၏ သွင်းဂိုးတစ်ဂိုးနှင့်အတူ ဘရာဇီးအသင်းသည် ဘိုလီးဗီးယားအသင်းအား အောက်တိုဘာ ၆ရက်က ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၅ ဂိုး ဂိုးမရှိ ဖြစ် အနိုင်ရခဲ့ကြောင်း သိရသည်။

ပွဲစပြီး ၁၁ မိနစ်အကြာတွင် တိုက်စစ်မှူးနေမာသည် ဘရာဇီးအသင်းအတွက် ဦးဆောင်ဂိုး တစ်ဂိုးသွင်းပေးခဲ့သည်။ထို့ပြင် လီဗာပူးကစားသမား ဖိလစ်ကော့တင်ဟိုက ပထမပိုင်းမပြီးဆုံးမီတွင် ဘရာဇီးအသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ကြောင်းသိရသည်။ဒုတိယပိုင်း ပွဲပြန်စချိန်တွင် ဘရာဇီးအသင်းသည် ၎င်းတို့၏ ကစားအားကို လျော့ချခဲ့ပြီး ကွင်းလယ်၌ အပေးယူလုပ်ခဲ့ကြသည်။ တိုက်စစ်မှူးနေမာသည် ဘိုလီးဗီးယားကစားသမား Yasmani Duk နှင့်ဘောလုံးယှဉ်လုစဉ် ဦးခေါင်းကို ထိခိုက်မိပြီး သွေးထွက်လာသဖြင့် ချဲလ်ဆီးကွင်းလယ်ကစားသမား ဝီလီယံ နှင့်လူစားလဲခဲ့ရကြောင်း သိရသည်။

ဘရာဇီး- ဘိုလီးဗီးယားပွဲစဉ်တွင် တိုက်စစ်မှူးနေမာအား တွေ့ရစဉ်(ဆင်ဟွာ)

လီဗာပူးကစားသမား Roberto Firmino အား မန်ချက်စတားစီးတီးအသင်း မှ ပူပူနွေးနွေးဝယ်ယူထားသော ဘရာဇီးကစားသမား Jesus ဖြင့် လူစားလဲ၍ ပါဝင်ကစားခဲ့ကြောင်းသိရသည်။ ၎င်းသည် ကွင်းအတွင်းဝင်ရောက်ပြီး ၅ မိနစ်အကြာမှာပင် ဘရာဇီးအသင်းအတွက် ပဉ္စမမြောက် ဂိုးကို သွင်းယူပေးခဲ့ကြောင်း သိရသည်။အဆိုပါ ဘိုလီးဗီးယားပွဲစဉ်၌ တိုက်စစ်မှူးနေမာသည် အဝါကတ်ပြခံထားရသဖြင့် အောက်တိုဘာလ ၁၁ ရက်တွင် ဗင်နီဇွဲလားနှင့်ယှဉ်ပြိုင်ကစားမည့် ဘရာဇီးအသင်းတွင် ပါဝင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

အောက်တိုဘာလ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြသော ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကတိုက်ဇုံ၏ ပွဲစဉ်များတွင် အီကွေဒေါက ချီလီအား ၃ ဂိုး ဂိုးမရှိဖြစ်လည်း ၊ ဥရုဂွေးက ဗင်နီဇွဲလားကို ၃ ဂိုး ဂိုးမရှိဖြစ်လည်းကောင်း ၊ ကိုလံဘီယာအသင်းက ပါရာဂွေး အသင်းကို ၁ ဂိုး ဂိုးမရှိဖြစ်လည်ကောင်း ၊ ပီရူး နှင့် အာဂျင်တီးနားပွဲစဉ်တွင် ၂ ဂိုးစီ သရေဖြစ်လည်းကောင်း အသီးသီးပြီးဆုံးခဲ့ကြောင်း သိရသည်။(Xinhua)