Connect with us

Latin America

ဘရာဇီးထောင်တစ်ခု မှ အကျဉ်းသား ၈၉ဦး လိုဏ်ခေါင်း တူး၍ ထောင်ဖောက်ထွက်ပြေး

Rio Grande de Norte ပြည်နယ် ရှိ Pernamirim အကျဉ်းထောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေရို၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း Rio Grande de Norte ပြည်နယ် ရှိ အကျဉ်းထောင်တစ်ခုမှ အနည်းဆုံး အကျဉ်းသား ၈၉ဦးသည် မီတာ ၃၀အရှည်ရှိသော လိုဏ်ခေါင်းမှ တစ်ဆင့် ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

ပြည်နယ် အစိုးရ၏ ပြောကြားချက်အရ မြို့တော် Natal ရှိ Pernamirim အကျဉ်းထောင်တွင် မေလ ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းသားများသည် မီတာ ၃၀ အရှည်ရှိ လိုဏ်ခေါင်းမှတစ်ဆင့် အကျဉ်းထောင်ဝင်းအတွင်း မှ ထောင်နံရံများ ကို ဖြတ်၍ လွတ်မြောက်သွားခြင်းဖြစ်သည်။ ယင်းထွက်ပြေးလွတ်မြောက်မှုသည် Rio Grande de Norte ပြည်နယ် သမိုင်းတွင် အကြီးမားဆုံး အကျဉ်းထောင်ဖောက်မှုတစ်ခုဖြစ်ပြီး အကျဉ်းသား ၉ဦးကို ပြန်လည်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ထွက်ပြေးလာသည့် အကျဉ်းသားများအား အကူအညီပေးရန် အနည်းဆုံး ကား ၂စီး နှင့် မော်တော်ဆိုင်ကယ် ၁စီးကို အကျဉ်းထောင်ပြင်ပ၌တွေ့ရှိခဲ့ကြောင်း နှင့် အကျဉ်းသားများသည် အကျဉ်းထောင်ဝတ်စုံများကို လဲလှယ်လိုက်၍ ၎င်းတို့အား ခွဲခြားနိုင်ရန် ပိုမိုခက်ခဲသွားကြောင်း သိရသည်။

ယခုအချိန် ထောင်ဖောက်ထွက်ပြေးမှုသည် ၂၀၁၇ခုနှစ်အတွင်း ဒုတိယအကြိမ် ထွက်ပြေးမှုဖြစ်ပြီး ပထမအကြိမ် အဖြစ် ဇန်နဝါရီကလည်း လိုဏ်ခေါင်းမှ တစ်ဆင့် အကျဉ်းသား ၁၄ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်းသိရသည်။

အကျဉ်းထောင်၌ အများဆုံး အကျဉ်းသား ၄၃၆ဦးထားရှိရန် ပုံစံရေးဆွဲထားသော်လည်း ထောင်ဖောက်မှုဖြစ်ပွားချိန်တွင် အကျဉ်းထောင်၌ ထောင်သား ၅၈၉ဦး ရှိနေကြောင်း သိရသည်။

Rio Grande de Norte ပြည်နယ်၏ အကျဉ်းထောင်ပဋိပက္ခသည် နိုင်ငံအတွက် ပြဿနာတစ်ရပ်ဖြစ်လာပြီး အထူးသဖြင့် ၎င်း၏အကြီးဆုံး အကျဉ်းထောင် ဖြစ်သော Alcacuz အကျဉ်းထောင်တွင် ဇန်နဝါရီလက ထောင်ဆူပူမှုကြောင့် အကျဉ်းသား ၂၆ဦးသေဆုံးပြီး ၅၆ဦးကျော် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.