Connect with us

Latin America

ဘရာဇီးမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အနည်းဆုံး လူ၁၀ဦးသေဆုံး

ဘရာဇီးနိုင်ငံ တွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီဂျနေရို၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ် တွင် မေလ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခု အတွင်း အမျိုးသား ၉ဦး နှင့် အမျိုးသမီး ၁ဦးအပါအဝင် လူ၁၀ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပါရာပြည်နယ် မြို့တော် Belemမြို့မှ ၈၆၀ ကီလိုမီတာ အကွာ ရှိ Pau d’Arco နယ်နိမိတ်အတွင်း ၌ စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ က လုံခြုံရေးအစောင့်တစ်ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံ များကို ဖမ်းဆီးရန်အတွက် ရဲအရာရှိများကို စေလွှတ်ခဲ့ကြောင်း ပါရာပြည်နယ် အများပြည်သူဆိုင်ရာ လုံခြုံရေးဋ္ဌာန အတွင်းရေးမှူး ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့များသည် တရားခံတို့ ပုန်းခိုရာ အဆောက်အအုံသို့ အရောက်တွင် တစ်ဖက်မှ သေနတ်များဖြင့်စတင်ပစ်ခတ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပါရာပြည်နယ်တွင် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၇ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.