Latin America
ဘရာဇီးနိုင်ငံအရက်ဘားတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ၁၁ ဦးသေဆုံး

ရီယိုဒီဂျနေရိုး ၊ မေ ၂ဝ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်(Para) အတွင်းရှိ အရက်ဘားတစ်ခု၌ မေ ၁၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
Belem မြို့ရှိ အရက်ဘားတစ်ခုသို့ မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် သေနတ်သမား ၇ ဦးရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ကြောင်း ၊ ယင်းပစ်ခတ်မှုကြောင့် ဘားပိုင်ရှင် အပါအဝင် အမျိုးသမီး ၆ ဦး နှင့် အမျိုးသား ၅ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် အခြားလူတစ်ဦးမှာလည်း ဒဏ်ရာရခဲ့ပြီး ၎င်းအား ရဲအစောင့်အရှောက်ဖြင့် ဆေးရုံသို့ပို့ဆောင်ထားရကြောင်း သိရသည်။ပစ်ခတ်မှုနှင့်ပတ်သက်၍ မြို့တော်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ဖြစ်စဉ်နောက်ကွယ်က အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။(Xinhua)