Connect with us

Latin America

အတိုက်အခံပါတီနှင့်ပဏာမဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗင်နီဇွဲလားအစိုးရအတည်ပြုပြောကြား

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အား တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကပ်စ်၊ မေ ၁၉ ရက်(ဆင်ဟွာ)

ပြည်တွင်းနိုင်ငံရေးပဋ္ဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အဖြေရှာရန် ဗင်နီဇွဲလား အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် အတိုက်အခံပါတီနှင့် နော်ဝေတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က မေ ၁၇ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် အတည်ပြုပြောကြားခဲ့ သည်။

ဗင်နီဇွဲလား သတင်းနှင့်ပြန်ကြားရေးဝန်ကြီး Jorge Rodríguez နှင့်ကိုယ်စားလှယ်အဖွဲ့သည် နော်ဝေမှ ဗင်နီဇွဲလားသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ၊ နှစ်ဦးနှစ်ဖက်စလုံးက ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဦးတည်လျှောက်လှမ်းနေကြောင်း နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က မေ ၁၇ ရက် နံနက်ပိုင်းက ဆိုသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117