Connect with us

Latin America

ဘရာဇီး နိုင်ငံ မှ ခရီးသွား လုပ်ငန်း ပေါင်း ၃၀၀ ကျော် တရုတ် နိုင်ငံ မှ ခရီးသွား ဧည့်သည် များကို လက်ခံ နိုင်သည့် အရည်အချင်း နှင့် ကိုက်ညီမှု ရရှိခဲ့

ဘရာဇီး နိုင်ငံ ၏ မြို့တော် ရီယို အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ခရီးသွား ဝန်ကြီးဌာန ၏ နောက်ဆုံး စာရင်း ပြုစုချက် အရ လက်ရှိချိန်တွင် ဘရာဇီး နိုင်ငံ မှ ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီ ပေါင်း ၃၁၆ ခုသည် တရုတ် နိုင်ငံ မှ ခရီးသွား ဧည့်သည် များကို လက်ခံ နိုင်သည့် အရည်အချင်း နှင့် ကိုက်ညီမှု ရရှိခဲ့ကြောင်း သိရှိ ခဲ့ရသည်။

ဘရာဇီး နိုင်ငံ ခရီးသွား ဝန်ကြီးဌာန ဝန်ကြီး Marx Beltrao က တရုတ် နိုင်ငံ သည် ကမ္ဘာပေါ်ရှိ အဓိက ပြည်ပ ခရီးထွက်ခွာ သည့် နိုင်ငံ ဖြစ်ပြီး ၂၀၁၅ ခုနှစ် တွင် တရုတ် နိုင်ငံ မှ ပြည်ပသို့ ခရီးသွားရောက်သူပေါင်း သန်း၁၀၀ ကျော် ရှိခဲ့ကြောင်း ၊ သို့သော် ဘရာဇီး နိုင်ငံ သို့လာရောက် လည်ပတ်သည့် တရုတ် နိုင်ငံ မှ ခရီးသွား ဧည့်သည် မှာ ၅၃၀၀ သာရှိခဲ့ကြောင်း ၊ ဘရာဇီး ခရီးသွား လုပ်ငန်း အတွက် တရုတ် နိုင်ငံ ၏ ခရီးသွား ဧည့်သည် များသည် လွန်စွာကြီးမားပြီး အရေးပါသည့် ဈေးကွက် တစ်ခုဖြစ်ကြောင်း ၊ ဘရာဇီး နိုင်ငံ အနေဖြင့် ခရီးသွား ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်ခြင်းဖြင့် တရုတ် နိုင်ငံ မှ ခရီးသွား များလာရောက်ရန် ဆွဲဆောင် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘရာဇီး နိုင်ငံ ခရီးသွား ဝန်ကြီးဌာန သတ်မှတ်ချက် အရ ဒေသတွင်း ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီ များအနေဖြင့် တရုတ် နိုင်ငံ မှ ခရီးသွား ဧည့်သည် များကို လက်ခံရရှိလိုပါက ဘရာဇီး ခရီးသွား ဝန်ကြီး ဌာန တွင် လာရောက် စာရင်း ပေးသွင်း ရမည် ဖြစ်ပြီး ဘရာဇီး နိုင်ငံ ခရီးသွား ဝန်ကြီး ဌာန နှင့် တရုတ် နိုင်ငံ ခရီးသွား ဝန်ကြီးဌာန တို့မှ ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အချက်အလက် များကို သိရှိထားရမည် ဖြစ်ကြောင်း ၊ ထို့ပြင် သက်ဆိုင်ရာ အချက်အလက်များကို လိုက်နာမည် ဖြစ်ကြောင်း ကတိပြုခြင်းဖြင့် တရုတ် နိုင်ငံ မှ ခရီးသွားများ လိုအပ်သော စာရွက်စာတမ်းများဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေစေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီး နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ က နိုင်ငံတိုင်း၏ ယဉ်ကျေးမှု အစဉ်အလာ များသည် ကွဲပြားမှု များရှိကြပြီး ခရီးသွား ဧည့်သည်များ၏ လုံခြုံရေး ကို ကာကွယ်ရမည်မှာ လွန်စွာအရေးကြီးကြောင်း ၊ အရည်အချင်း နှင့် စွမ်းဆောင်ရည် ရှိသော ခရီးသွား လုပ်ငန်း ကုမ္ပဏီ များမှ တရုတ် နိုင်ငံ ခရီးသွား ဧည့်သည် တို့၏ နှစ်သက်မှု ကိုသိရှိထားပါက တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်များ ဘရာဇီး နိုင်ငံ အပေါ် သိရှိနားလည်မှု ကို ပိုမို ကောင်းမွန်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.