Latin America
ဘရာဇီးနိုင်ငံ၌ ၂၀၁၈ခုနှစ်တွင် တရားဝင်အလုပ်အကိုင် ၅၂၉,၅၅၄ ဖန်တီးနိုင်

ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အလုပ်သမားဈေးကွက်အတွင်း ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် မညီမမျှဖြစ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် တရားဝင်အလုပ်အကိုင် ၅၂၉,၅၅၄ ဖန်တီးနိုင်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
အမျိုးသား အလုပ်အကိုင်၊အလုပ်လက်မဲ့ မှတ်ပုံတင်ဌာနကပြောကြားချက်အရ ၂၀၁၈ခုနှစ်က အလုပ်လက်မဲ့ ၁၄,၈၅၄,၇၂၉ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် နှစ်ကုန်ပိုင်းတွင် တရားဝင် အလုပ်အကိုင် ၃၇.၈၆ သန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃၈.၃၉သန်းရှိခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်း အပြုသဘောဆောင်သည့် ရလဒ်ရရှိခဲ့သော်လည်း ဒီဇင်ဘာလတွင် တရားဝင်အလုပ်အကိုင် ၃၃၄,၄၆၂ ဆုံးရူံးခဲ့ကြောင်း သိရသည်။(Xinhua)