Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် ဆည်ပြိုကျမှုကြောင့် လူ ၇ ဦးထက်မနည်းသေဆုံး၊ ၁၅၀ ပျောက်ဆုံး

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနက်စ်ဂီရိုက်စ်ပြည်နယ်တွင် ဆည်ပြိုကျမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနက်စ်ဂီရိုက်စ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့လယ်ပိုင်းက Vale သတ္တုတွင်းလုပ်ငန်းကြီး ပိုင်ဆိုင်သော ဆည်ပြိုကျမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၇ ဦးထက်သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ ၁၅၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရက ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။ လူ ၁၀၀ ခန့်မှာ သီးခြားစီ ကယ်ဆယ်ရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။ Vale သတ္တုတွင်းလုပ်ငန်း၏ အဆိုအရ အဆိုပါ လုပ်ငန်းခွင်၌ အလုပ်သမား ၄၂၇ ဦးရှိကြောင်း၊ ဆည်ပြိုကျမှုကြောင့် အလုပ်သမား ၁၅၀ ခန့်မှာ အခြေအနေမသိရသေးကြောင်း သိရသည်။သို့သော်လည်း ယင်းဖြစ်ရပ်ကြောင့် ဒေသခံများလည်း ထိခိုက်ခဲ့သည့်အတွက် ပျောက်ဆုံးသူအရေအတွက်မှာ တိုးလာဖွယ်ရှိသည်ဟု ဆိုသည်။ယခုကဲ့သို့ ဆည်ပြိုကျမှုကြောင့် ရွှံ့နွံများဖြစ်ပေါ်ခဲ့ပြီး Vale ရုံးများနှင့် လူနေဧရိယာများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117