Latin America
ဘရာဇီးနိုင်ငံ ဆည်ကျိုးမှုတွင် ပျောက်ဆုံးသူ ၃ဝ၅ ဦးရှိပြီး သေဆုံးသူ ၅၈ ဦးထိ မြင့်တက်လာ

ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအတွင်း လူပေါင်း ၃ဝ၅ ဦးပျောက်ဆုံးလျက်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၅၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
သေဆုံးသူ ၅၈ ဦးအနက် ၁၉ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ပျောက်ဆုံးနေသူများထဲတွင် မိုင်းတွင်းလုပ်သားများနှင့် ယင်းဒေသတွင်နေထိုင်ကြသည့် ဒေသခံများဖြစ်ကြောင်း Gerais ပြည်နယ် မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။(Xinhua)