Connect with us

Latin America

ဘရာဇီး နိုင်ငံ၌ အလုပ်လက်မဲ့နှုန်း ပထမ သုံးလပတ်တွင် ၁၂.၇ ရာခိုင်နှုန်းရှိ

ဘရာဇီး နိုင်ငံ လျှပ်စစ် လုပ်ငန်းခွင် တစ်ခုတွင် လုပ်ကိုင်နေသော အလုပ်သမား တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရီယိုဒီ ဂျနေးရိုး ၊ မေ ၁ ရက်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ၌ အလုပ်လက်မဲ့ မြင့်တက်မှုနှုန်းသည် ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်တွင် ၁၂.၇ ရာခိုင်နှုန်း ရှိကြောင်း ဘရာဇီး အမျိုးသား ပထဝီ နှင့် စာရင်းအင်း ဆိုင်ရာ အဖွဲ့အစည်း(IBGE)ထံမှ ဧပြီ ၃၀ ရက်တွင် သိရသည်။

ဘရာဇီး နိုင်ငံ၏ အလုပ်လက်မဲ့ ဦးရေမှာ ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်တွင် ၁၃.၄ သန်း အထိ မြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ် စတုတ္ထ သုံးလပတ်ထက် ၁.၂ သန်း တိုးလာခဲ့ကြောင်း IBGE ထံမှ သိရသည်။

တပြိုင်တည်းမှာပင် ဘရာဇီး နိုင်ငံ၏ အလုပ်လုပ်ကိုင်သူ ဦးရေမှာ ၂၀၁၉ ခုနှစ် ပထမ သုံးလတွင် ၉၁.၉ သန်း ရှိရာ ၂၀၁၈ ခုနှစ် နောက်ဆုံး သုံးလပတ်ထက် ဝ.၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။သို့သော် အလုပ်လုပ်ကိုင်သူ ဦးရေက ၂၀၁၈ ခုနှစ် အလားတူ ကာလထက် ၁.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်တွင် ဘရာဇီး နိုင်ငံ၌ အလုပ်လက်မဲ့ တိုးတက်မှုနှုန်းသည် ပျှမ်းမျှ ၁၂.၃ ရာခိုင်နှုန်း သို့မဟုတ် အလုပ်မရှိသူ ၁၂.၈ သန်း ရှိခဲ့သည်။ဘရာဇီး နိုင်ငံ၌ စီးပွားရေး အကျပ်အတည်း၏ ရလဒ် အဖြစ် ၂၀၁၅ ခုနှစ်မှ စ၍ အဆက်မပြတ် မြင့်တက် လာခဲ့သည့် အလုပ်လက်မဲ့ တိုးတက်မှုနှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.