Latin America
ဘရာဇီး ဘောလုံးပွဲ ပရိသတ်များအကြား ပဋိပက္ခဖြစ်ပွားရာ လူတစ်ဦးသေဆုံး

ရီယို ဒီ ဂျနေးရို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံတွင် ဘောလုံးပွဲ ပရိသတ် အချင်းချင်း ပဋိပက္ခဖြစ်ပွားရာ အမျိုးသားတစ်ဦး ဦးခေါင်း၌ သေနတ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက နိုဝင်ဘာ ၁ ရက် တွင်ပြောကြားခဲ့သည်။
သေဆုံးသူ Carlos Afonso de Oliveira Leite (၂၄နှစ်) သည် ဗာစကို ဒကာမား (Vasco da Gama) ဘောလုံးအသင်း နှင့် ဖလာမင်ဂို (Flamengo) ဘောလုံးအသင်းတို့၏ ပရိသတ်များ ရီယို ဒီ ဂျနေးရို ရှိ မာရာကန်နာအားကစားရုံး၌ အောက်တိုဘာ ၂၈ ရက်က ပဋိပက္ခမဖြစ်ပွားခင် သေနတ်ဖြင့် ပစ်ခံရသူ ၃ဦးအနက် တစ်ဦးဖြစ်ကြောင်း သိရသည်။
ကျန် ၂ဦးမှာ အသေးစားဒဏ်ရာများသာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးသည် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေပြီး တရားခံအများအပြား လွတ်မြောက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပွဲမစခင် နှစ်ဖက် အသင်းမှ ပရိသတ်များ စုဝေးနေသည့် ဖွန်စီကာရပ်ကွက်၌ ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က Sao Cristovao ရပ်ကွက်ရှိ ဘောလုံးချစ်သူများကလပ်ရုံးချုပ် တွင် လက်နက်များ နှင့် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် Vasco da Gama ဘောလုံးအသင်း ပရိသတ် ၇၇ဦးကို ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)