Connect with us

Latin America

ချီလီ နိုင်ငံ မြောက်ပိုင်း ဒေသတွင် ရစ်(ခ်)တာစကေး (၆.၃)အဆင့် ရှိသော ငလျင် လှုပ်ခတ်

ငလျင် ဖြစ်ပွား ခဲ့သည့် ချီလီနိုင်ငံ မြောက်ပိုင်း ရှိ Putre မြို့ အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆန်ဒီယာဂို ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ချီလီ နိုင်ငံ မြောက်ပိုင်း ဒေသတွင် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရစ်(ခ်)တာစကေး (၆.၃)အဆင့် ရှိသော ငလျင် လှုပ်ခတ် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ငလျင်တိုင်းတာရေးဌာန ထုတ်ပြန်ခဲ့သည့် အချက်အလက် အရ ငလျင်သည် အောက်တိုဘာ ၁၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၂ မိနစ် ခန့်တွင် လှုတ်ခတ် ခဲ့ခြင်း ဖြစ်ပြီး ချီလီနိုင်ငံ မြောက်ပိုင်း Putre မြို့ အနောက်မြောက်ပိုင်း ၃၆ ကီလိုမီတာ အကွာအဝေး နေရာတွင် မြေအောက် အနက် ၈၂.၄ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။

ချီလီ နိုင်ငံ သည် ငလျင် မကြာခဏ လှုပ်ခတ်လေ့ရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့၌ ချီလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အား ၈.၂ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၁၅ ဦး သေဆုံးခဲ့ရပြီး ၁၆,၀၀၀ ခန့် ဘေးဒုက္ခရောက် ခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.