Connect with us

Latin America

ဘိုလီးဗီးယားတွင် ဘတ်စ်ကားမတော်တဆမှုကြောင့် သေဆုံးသူ ၂၅ဦးအထိ မြင့်တက်

ဘိုလီးဗီးယားတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာပတ်စ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း တွင ်ဘတ်စ်ကားတစ်စီး နှင့် အခြား မော်တော်ယာဉ်တစ်စီးတို့ တိုက်မိရာ အဆိုပါ ဘတ်စ်ကားသည် မီတာ ၁၀၀ အနက်ရှိသော ချောက်တစ်ခုထဲသို့ ဧပြီ ၂၁ရက်ညက ပြုတ်ကျခဲ့ပြီး လူ ၂၅ဦးသေဆုံးကာ အခြားလူ ၂၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၂ရက်တွင်ပြောကြားခဲ့သည်။

အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူး Fernando Rojas က အခင်းဖြစ်ပွားရာ၌ မီးသတ်ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အခြားဒဏ်ရာရရှိသူများကို ရှာဖွေနေကြောင်း၊ ယခုအချိန်အထိ သေဆုံးသူ ၂၅ဦး နှင့် ဒဏ်ရာရရှိသူ ၂၄ဦးကို တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှုသည် Yolosita မြို့တွင် လာပတ်စ်မြို့မှ Beni မြောက်ပိုင်း Rurrenabaque မြို့ သို့ မောင်းနှင်လာသော ဘတ်စ်ကားတစ်စီးသည် ဆန့်ကျင်ဘက်လမ်းမှ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး နှင့် တိုက်မိခဲ့ပြီး အဝေးပြေးလမ်း၌လမ်းချော်သွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

အရှိန်ဖြင့်မောင်းနှင်မှုသည် မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းများအနက်တစ်ခုဖြစ်ပြီး လမ်းအခြေအနေ ဆိုးရွားမှုများကြောင့်လည်းဖြစ်ကြောင်း Rojas ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.