Connect with us

Latin America

ဘရာဇီး နိုင်ငံ၌ အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၄ ဦးထိ ရှိလာ

ဘရာဇီး နိုင်ငံ ရီယိုဒီ ဂျနေးရိုးမြို့ ရှိ လူနေ အဆောက်အအုံများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရီယိုဒီ ဂျနေးရိုး ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ၊ ရီယိုဒီ ဂျနေးရိုးမြို့အနောက်ပိုင်းရှိ လူနေ အဆောက်အအုံ ၂ ခု ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေမှာ ၂၄ ဦး အထိ မြင့်တက် လာကြောင်း ဒေသခံ အာဏာပိုင်များက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပြိုကျမှုတွင် နောက်ဆုံး ပျောက်ဆုံးနေသူ တစ်ဦး၏ ရုပ်အလောင်းအား ထုတ်ယူခဲ့ပြီးနောက် ရှာဖွေရန် ကြိုးစား အားထုတ်မှုအား အဆုံးသတ်ခဲ့ကြောင်း ၊ သေဆုံးသူ ၂၄ ဦးထဲတွင် အသက် ၂ နှစ်မှ ၁၅ နှစ် အထိ အရွယ်မရောက်သေးသူ ၉ ဦး ပါဝင်ကြောင်း သိရသည်။

Muzema favela ရပ်ကွက် အတွင်းရှိ လူနေ အဆောက်အအုံ ၂ ခုလုံး ပြိုကျမှုသည် အရည်အချင်း မပြည့်မီသည့် တည်ဆောက်မှုများကြောင့် ဖြစ်ကြောင်း နှင့် စစ်သွေးကြွ အုပ်စုများက တည်ဆောက်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။

အဆိုပါ စစ်သွေးကြွ အုပ်စုများသည် ချက်ပြုတ်ရာတွင် အသုံးပြုသော ဓာတ်ငွေ့များ ရောင်းချ ဖြန့်ဖြူးခြင်း ၊ တီဗွီကြိုး နှင့် အင်တာနက် ဝန်ဆောင်မှုများ နှင့် ကာကွယ်စောင့်ရှောက်ရေး နှင့် လုံခြုံရေး တာဝန်ခံခြင်း ကဲ့သို့သော နေ့စဉ် လူနေမှု အသိုင်းအဝိုင်း များအား ထိန်းချုပ်ထားကြောင်း သိရသည်။

ထို့အတူ အိမ်ခြံမြေများတွင်လည်း စစ်သွေးကြွ အုပ်စုများက ထိန်းချုပ်မှုများအား တိုးချဲ့ခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း Muzema favela ရပ်ကွက်တွင် လူနေ အဆောက်အအုံအသစ်များ သိသိသာသာ တိုးချဲ့ဆောက်လုပ်မှုများစွာ ရှိခဲ့ကြောင်း သိရသည်။

ယင်းအဆောက်အအုံ အများစုတွင် ကြီးကြပ်ရေး အင်ဂျင်နီယာများ သို့မဟုတ် ဗိသုကာ ပညာရှင်များ ပါဝင်မှု မရှိသော်လည်း အဆောက်အအုံ၏ တန်ဖိုးများသည် ရှိသင့်သည်ထက် သိသိသာသာ လျော့နည်းသောကြောင့် ဆင်ခြေဖုံး ရပ်ကွက်များ၌ပင် နေအိမ် ဌားရမ်းခများ ဈေးကြီးနေသည့် ကမ်းခြေ ဧရိယာ ဖြစ်သော ရီယိုမြို့တောင်ပိုင်းဇုန်၏ ကျူးကျော် ရပ်ကွက်မှ ဆင်းရဲနွမ်းပါးသူများအား ဆွဲဆောင်ထားကြောင်း သိရသည်။

အဆိုပါ ပြိုကျသွားသော အဆောက်အအုံများ တည်ဆောက်မှု အတွက် တာဝန်ရှိသည်ဟု ယူဆရသော လူ ၃ ဦးအား ရဲတပ်ဖွဲ့မှ ဝရမ်းထုတ်ထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117