Connect with us

Latin America

မက္ကဆီကိုနိုင်ငံက ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းနေထိုင်သူ ၁,၉၀၀ ဦးအား နေရပ်ပြန်ပို့ရန်စီစဉ်နေ

မက္ကဆီကိုနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းအခြေစိုက်များအား တားဆီးနေစဉ်(ဆင်ဟွာ)

 

တီဂူစီယာဂါလ်ပါ ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့်  မက္ကဆီကိုနိုင်ငံ၌ သောင်တင်နေသော ဟွန်ဒူးရပ်စ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၁,၉၀၀ ဦးကို ယခုရက်သတ္တပတ်အတွင်း မိခင် ဟွန်ဒူးရပ်စ်နိုင်ငံက ပြန်လည်လက်ခံသွားရန် ပြင်ဆင်နေကြောင်း မက္ကဆီကိုနိုင်ငံဆိုင်ရာ ဟွန်ဒူးရပ်စ်သံအမတ်ကြီး ကပြောကြားလိုက်သည်။

ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းနေထိုင်သူများ အုပ်စု နှစ်ခုသည် မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိ အိမ်နီးချင်း ဂွာတီမာလာနိုင်ငံမှတစ်ဆင့် နယ်စပ်ဂိတ် နှစ်ကို ဖြတ်ကျော်၍ မက္ကဆီကိုနိုင်ငံထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၊ ယင်း ဝင်ပေါက်နှစ်ခုမှာ တောင်ပိုင်း Chiapas ပြည်နယ် အတွင်းရှိ ဂိတ်တစ်ခု နှင့် အရှေ့တောင်ပိုင်း Tabasco ပြည်နယ်အတွင်းရှိ ဂိတ်တစ်ခုတို့ ဖြစ်ကြောင်း မက္ကဆီကို အစိုးရအရာရှိတစ်ဦးဖြစ်သူ Alden Rivera က ဆိုသည်။

မက္ကဆီကိုနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းအခြေစိုက်များအား တားဆီးနေစဉ်(ဆင်ဟွာ)

မက္ကဆီကိုနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းအခြေစိုက်များအား တားဆီးနေစဉ်(ဆင်ဟွာ)

“ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ဟွန်ဒူးရပ်စ်နိုင်ငံသား အများအပြားကို ထိန်းသိမ်းထားပါတယ်” ဟု Rivera က ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဒုတိယဝန်ကြီးNelly Jerez က နယ်နှင်ခံရသော ရွှေ့ပြောင်းနေထိုင်သူ ၁၁၀ ဦးတင်ဆောင်လာသော ပထမဆုံးလေယာဉ်တစ်စင်းသည် ယနေ့နှောင်းပိုင်းတွင် Tabasco မှတဆင့် မက္ကဆီကိုသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဆိုသည်။

ဇန်နဝါရီ ၂၂ ရက် မှ ၂၄ ရက်အတွင်း ဟွန်ဒူးရပ်စ်နိုင်ငံသား ၅၀၀ ခန့်သည် ဘတ်စ်ကားကြီးများဖြင့် ပြန်လည်ရောက်ရှိလာကြမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အမေရိကန်နိုင်ငံသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဟွန်ဒူးရပ်စ်နိုင်ငံသား ရွှေ့ပြောင်းအခြေစိုက် နောက်ဆုံးအသုတ် သည် ဟွန်ဒူးရပ်စ်နိုင်ငံမြောက်ပိုင်း San Pedro Sula မှဖြစ်ပြီး ၎င်းတို့သည် ဇန်နဝါရီ ၁၅ ရက် နံနက်အစောပိုင်းတွင် ထွက်ခွာသွားကြသူများဖြစ်သည်။

၂၀၁၈ – ၂၀၁၉ နှစ်ကုန်ပိုင်များတွင် ရွှေ့ပြောင်းနေထိုင်သူများ အများအပြားသည် မက္ကဆီကိုနိုင်ငံထဲတွင် အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပြီး ၎င်းတို့သည် အမေရိကန်-မက္ကဆီကို နယ်စပ်တွင်  သောင်တင်နေခဲ့ကြကြောင်း ၊ ယင်းဖြစ်စဉ်ကြောင့်ပင် မက္ကဆီကို နှင့် အမေရိကန် နှစ်နိုင်ငံနယ်စပ်တွင် တင်မားမှုများမြင့်တက်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် အမေရိကန် နှင့် မက္ကဆီကို နိုင်ငံတို့သည် ရွှေ့ပြောင်းနေထိုင်သူများအား ဉပဒေအရ စနစ်တကျဝင်ရောက်ခွင့်ပြုမှုကို မြှင့်တင်ရေးအတွက် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.