Connect with us

Latin America

ကျူးဘားနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်၌ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်

ကျူးဘားနိုင်ငံ၌ အင်အားပြင်း ငလျင်ကြောင့် ဟာဗားနားမြို့နေ ပြည်သူများ လမ်းမပေါ်သို့ ရှောင်တိမ်းလာစဉ်(ဓာတ်ပုံ-အင်တာနက်) ကျူးဘား၌ အင်အားပြင်းငလျင်လှုပ်

ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

ကျူးဘားနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်၌ ယနေ့ နံနက် ဒေသစံတော်ချိန် ၃ နာရီ ၁၀ မိနစ်တွင် ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ(CENC) က ဆိုသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျူ့၁၉ ဒသမ ၄၆ ဒီဂရီ နှင့် အနောက်လောင်ဂျီကျူ့ ၇၈ဒသမ၇၉ ဒီဂရီ အတွင်း ၊ အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း CENC ၏ ပြောကြားချက်အရ သိရသည်။(Xinhua)