Latin America
မသန်စွမ်း အိုလံပစ် ဖွင့်ပွဲအခမ်းအနားတွင် ဘရာဇီး အလံကို လှံတံပစ်မယ် ကိုးလ်ဟိုက သယ်ဆောင်မည်

ရီယို ဒီ ဂျနေရိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
လှံတံပစ်မယ် ရှာလင်း ကိုးလ်ဟို (Shirlene Coelho) အား ရီယို မသန်စွမ်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားအတွက် ဘရာဇီးနိုင်ငံ အလံ သယ်ဆောင်သူအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
ဘရာဇီး အလံသယ်ဆောင်သူအား ရွေးချယ်ရန် ဝင်ရောက်ယှဉ်ပြိုင်သူ ၁၇ ဦး ရှိသည့်အနက် အသက် ၃၅ နှစ် အရွယ် ၎င်းအား စက်တင်ဘာလ ၅ ရက်က ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ကိုးလ်ဟိုသည် ၂၀၁၂ ခုနှစ် လန်ဒန် မသန်စွမ်း အိုလံပစ်၌ ရွှေတံဆိပ်ဆု ရရှိခဲ့သူ ဖြစ်သလို ဘရာဇီးနိုင်ငံ
အလံအား ဂုဏ်ယူစွာဖြင့် သယ်ဆောင်မည့် ပထမဆုံး အမျိုးသမီးလည်း ဖြစ်သည်။
ဘရာဇီး မသန်စွမ်း အိုလံပစ် ကိုယ်စားလှယ်အဖွဲ့မှ အားကစားသမား ၂၈၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ လွန်ခဲ့သော လေးနှစ်အကြာက လန်ဒန် အိုလံပစ် ပြိုင်ပွဲ၌ ဘရာဇီးနိုင်ငံမှ အားကစားသမား ၁၈၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ရီယို မသန်စွမ်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၇ ရက်တွင် မာရာကာနာ အားကစားကွင်း၌ စက်တင်ဘာလ ၇ ရက်မှ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)