Connect with us

Latin America

မသန်စွမ်း အိုလံပစ် လက်မှတ်အစောင်ရေ ၁.၆သန်းအထိ ရောင်းချပြီးဖြစ်

မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ကျင်းပမည့် ရီယို ဒီ ဂျနေရိုမြို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေရို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရီယို မသန်စွမ်းအိုလံပစ် အားကစားပွဲများအား အိုလံပစ်ပြိုင်ပွဲများကဲ့သို့ပင် စိတ်ဝင်စားမှု ရှိကြသည့်အတွက် လက်မှတ်ရောင်းချမှုသည် အစောင်ရေ ၁.၆သန်းအထိရှိလာပြီဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောကြားခဲ့သည်။

စက်တင်ဘာ ၇ ရက်မှ ၁၈ ရက်အထိကျင်းပမည့် မသန်စွမ်းအိုလံပစ်ပွဲအတွက် လက်မှတ်ရောင်းချမှုသည် ရီယို အိုလံပစ်ပိတ်ပွဲ ကျင်းပခဲ့သည့် သြဂုတ် ၂၁ ရက် အထိ အစောင်ရေ ၃၀၀,၀၀၀ သာ ရောင်းချနိုင်ခဲ့ပြီး ယခုလက်ရှိတွင် လက်မှတ်အစောင်ရေ ရောင်းချမှု တိုးတက်လာခြင်း ဖြစ်သည်။
လက်မှတ်ဝယ်လိုအား သည် သြဂုတ် ၂၄ရက်နေ့တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး လက်မှတ် အစောင်ရေ ၁၄၅,၀၀၀ အထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
လက်မှတ်ဈေးနှုန်းများသည် အမေရိကန်ဒေါ်လာ ၃ဒေါ်လာ ဝန်းကျင်မှ ဒေါ်လာ ၄၀ အထိဖြစ်ကြောင်း သိရသည်။
လူကြိုက်များသည့် အားကစားပွဲများမှာ ရေကူး၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ဘောလုံး နှင့် ဘော်လီဘော ပြိုင်ပွဲများဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
လက်မှတ်ဝယ်ယူမှုတွင် ရီယို ဒီ ဂျနေရိုမြို့ ရှိ ပရိသတ်များက ထိပ်ဆုံးတွင်ရှိနေပြီး ၎င်းတို့၏နောက်တွင် Sao Paulo မြို့၊ Minas Gerais ပြည်နယ်၊ Federal ခရိုင် နှင့် Parana ပြည်နယ်မှ ပရိသတ်များ ရှိနေကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ မသန်စွမ်းအိုလံပစ် ကော်မတီ က စုစုပေါင်း လက်မှတ်စောင်ရေ ၂.၄သန်းအနက် စောင်ရေ ၂သန်းအထိ ရောင်းချနိုင်မည်ဟု မျှော်လင့်ထားကြောင်း စက်တင်ဘာ ၄ ရက်ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.