Latin America
မြောက်ကိုရီးယားနိုင်ငံ၏ ပြုမူမှုအား သတိပြုမိကြောင်းနှင့် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြော

ဝါရှင်တန်၊ မေ ၄ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးပြုမူလိုက်ခြင်းအပေါ် ကောင်းစွာ သိရှိကြောင်းနှင့် အခြေအနေအား ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၃ ရက်ညပိုင်းက ပြောကြားခဲ့သည်။
“ဒီကနေ့ည မြောက်ကိုရီးယားရဲ့ ပြုမူမှုတွေကို ကျွန်မတို့ သတိပြုမိပါတယ်။ လိုအပ်ပါက ကျွန်မတို့ ဆက်လက်စောင့်ကြည့်သွားမှာပါ” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးစ် (Sarah Sanders) က ပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံက အရှေ့ပိုင်းကမ်းရိုးတန်းတွင် အမျိုးအမည်မသိသော တာတိုပစ်လက်နက် ပစ်ခတ်ခဲ့ကြောင်း ယင်းနေ့တွင်ပင် တောင်ကိုရီးယားနိုင်ငံ၏ တွဲဖက် ကာကွယ်ရေးဦးစီးချုပ်က ကြေညာချက်တွင် ပြောကြားထားသည်။
ယင်း အခြေအနေအား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထံ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) က အကြမ်းဖျဉ်းတင်ပြခဲ့ကြောင်း အမေရိကန် မီဒီယာ ရေးသားချက်အရ သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံမှ မှတ်ချက်ပြုထားခြင်းမရှိပေ။ (Xinhua)