Connect with us

Latin America

ဗင်နီဇွဲလား လေတပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျ၊ လူ ၇ ဦး သေဆုံး

စစ်တပ် ရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ကာရာကာ့စ်၊ မေ ၅ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားလေတပ်ရဟတ်ယာဉ်တစ်စီးသည် ၎င်းနိုင်ငံ၏မြို့တေ်ာ ကာရာကာ့စ်မြို့ တောင်ဘက်တွင် ပျက်ကျခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အချင်းဖြစ်ပွားသည့် ရဟတ်ယာဉ်သည် မေ ၄ ရက် နံနက်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ အနောက်အလယ် ပိုင်း San Carlosမြို့မှ ကာရာကာ့စ်မြို့သို့ ပျံသန်းရာ ကာရာကာ့စ်မြို့ တောင်ဘက်ပိုင်း တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ၊ လေယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၇ ဦးပါရှိကြောင်း ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။ အချင်းဖြစ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေး ကော်မတီမှ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ဗင်နီဇွဲလား သမ္မတ Nicolas Maduroက အသက်ဆုံးရှုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် ၎င်းတို့ ၏မိသားစုဝင်များနှင့်မိတ်ဆွေသင်္ဂဟများအား နှစ်သိမ့်အားပေးကြောင်း ၎င်း၏တွစ်တာ လူမှုကွန်ရက် တွင် ရေးသားထားသည်။ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopezကလည်း သေဆုံးသွားသည့် တပ်ဖွဲ့ဝင်များအတွက် ဝမ်းနည်းကြောင်း ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားသည်။ (Xinhua)