Latin America
သမ္မတတီမာ အပေါ် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုချက်အား ဘရာဇီး ဒုတိယရှေ့နေချုပ်ပယ်ဖျက်

ဘရာဇီးလီယာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံသမ္မတ မိုက်ကယ်တီမာ(Michel Temer) အပေါ် အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုချက်အား ပယ်ဖျက်ပစ်ရန် ဘရာဇီးဒုတိယရှေ့နေချုပ်က ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂ ရက် ညနေပိုင်းတွင် ဆန္ဒမဲပေးခြင်းကို ဆက်လက်ပြုလုပ်ခဲ့ပြီး အစိုးရအဖွဲ့၏ မဟာမိတ်များက ဆန္ဒမဲ သုံးပုံတစ်ပုံအထက် ရရှိခဲ့ကြောင်း (သို့မဟုတ်) ဆန္ဒမဲ ၅၁၂ မဲတွင် ၁၇၂ မဲ ရရှိခဲ့ပြီး သမ္မတအပေါ်တရားစွဲဆိုချက်များအား ပယ်ဖျက်ပစ်နိုင် ခဲ့ခြင်းဖြစ်သည်။
၎င်းဆန္ဒမဲရလဒ်များအရ ဘရာဇီးနိုင်ငံ၏ ရှေ့နေချုပ် Rodrigo Janot တင်သွင်းသော သမ္မတတီမာအား တရားစွဲဆိုရေး အဆို (ဘရာဇီးသမ္မတတစ်ဦးအား ပထမဆုံးအကြိမ်တရားစွဲဆိုခြင်း အဆို) မှာ ရှုံးနိုမ့်သွားပြီဖြစ်ကြောင်း သိရသည်။(Xinhua)