Connect with us

Latin America

အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အစိုးရ အဖွဲ့ဝင် ၈ ဦး ကို ပိတ်ဆို့အရေးယူမှု ဆောင်ရွက်သည့် အပေါ် ဗင်နီဇွဲလား နိုင်ငံ က ပြစ်တင်ဝေဖန်

ဗင်နီဇွဲလား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jorge Arreaza အား အခမ်းအနား တစ်ခု တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကာရာကပ်စ် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jorge Arreaza က အမေရိကန် နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ အစိုးရ အဖွဲ့ဝင် ၈ ဦး အား ပိတ်ဆို့အရေးယူမှု နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ပြီး ယင်းအပြုအမူ သည် ဗင်နီဇွဲလား နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း သြဂုတ်လ ၉ ရက်နေ့၌ နိုင်ငံခြားရေး ဝန်ကြီးဌာန တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

Arreaza က ဗင်နီဇွဲလား နိုင်ငံ အနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာ ဥပဒေ နှင့် ဒီမိုကရေစီ ကို ချိုးဖောက်ရာရောက်ပြီး အချုပ်အခြာအာဏာ ဖွဲ့စည်းမှု ကို ဝင်ရောက်စွတ်ဖက်ရာရောက်သည့် ဆောင်ရွက်မှု မျိုးကို လက်ခံမည် မဟုတ်ဘဲ မည်သူ မှ ဗင်နီဇွဲလား နိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှု ပြုလုပ်နိုင်သည့် အခွင့်အာဏာ မရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန က သြဂုတ်လ ၉ ရက်နေ့၌ ဗင်နီဇွဲလား နိုင်ငံ အစိုးရ အဖွဲ့ဝင် များအပေါ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ကြောင်း ကြေညာခဲ့ပြီး အကြောင်းပြချက် အနေဖြင့် ၎င်းတို့မှ အခြေခံဥပဒေ ဖွဲ့စည်းရေး အစည်းအဝေး ကို ပါဝင်ခြင်း နှင့် ထောက်ခံခြင်း တို့ကြောင့် ဖြစ်ကြောင်း ၊ ၎င်းအရေးယူ ပိတ်ဆို့ခံရသူ များ၏ အမေရိကန် နိုင်ငံ အတွင်း ရှိ ပိုင်ဆိုင်မှု များကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသား များအနေဖြင့် ၎င်းတို့နှင့် ပတ်သက်ဆက်သွယ်မှု ကို ကန့်သတ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန သည် ဇူလိုင်လ ၂၆ ရက်နေ့၌ ဗင်နီဇွဲလား နိုင်ငံ ၏ လက်ရှိ နှင့် အငြိမ်းစား အစိုးရ အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦး အပေါ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက် ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့၌ ဗင်နီဇွဲလား နိုင်ငံ သမ္မတ အပေါ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အမေရိကန် နိုင်ငံ က အခြေခံဥပဒေ ဖွဲ့စည်းရေး အစည်းအဝေး ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရသူ များအားလုံး သည် အမေရိကန် နိုင်ငံ ၏ အရေးယူပိတ်ဆို့မှု ဆောင်ရွက်မည့် ပစ်မှတ်များ ဖြစ်မည် ဟုလည်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.