Latin America
သမ္မတရှီ ၏မိန့်ခွန်းကို ကမ္ဘာတစ်ဝန်းမှထောက်ခံ
ပေကျင်း၊ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)
စိန်ခေါ်မှုများမြင့်တက်နေသည့်ကြားမှပင် ၁၃ ကြိမ်မြောက်ဂျီ-၂၀ အစည်းအဝေး၌နိုင်ငံပေါင်း
စုံအကျိုးတူမူဝါဒနှင့် ပိုမိုကြီးမားသော စုစည်း မှုတို့ကိုထောက်ခံခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျင့်ဖိန် ၏ပြောကြားမှု မှတ်ချက်များအပေါ် ကမ္ဘာတစ်ဝန်းမှပင်ကြီးမားစွာထောက်ခံခဲ့ကြကြောင်းတွေ့ရပေသည်။
ဝါရှင်တန်ဒီစီ မြို့ရှိ တရုတ်-အမေရိကန်ဆိုင်ရာလေ့လာချက်များအဖွဲ့အစည်း ဝါရင့်အဖွဲ့
ဝင်တစ်ဦးဖြစ်သည့် ဆိုရပ်ဂပ်တာ Sourabh Gupta က အနောက်အုပ်စုနိုင်ငံတွေကြားမှာ မကောင်းမြင်သုံးသပ်မှုတွေပျံ့နှံ့လာနေတာကိုတွေ့နေရပေမယ့် ပွင့်လင်းပြီးစုစည်းညီညွတ်
တဲ့နိုင်ငံပေါင်းစုံအကျိုးတူပူးပေါင်းဆောင်ရွက်ရေးမူဝါဒကိုအထောက်အကူပေးရန်၎င်း၏ဆုံး
ဖြတ်ချက် ကိုတရုတ်ကဆက်လက်ကိုင်စွဲထားပြီး ဂျီ-၂၀ အဖွဲ့ရဲ့ထောက်ခံမှုနဲ့ကြီးမား ခိုင်မာတဲ့စုစည်းဆောင်ရွက်မှု ပြုလုပ်သွားရေးပါကြိုးစားနေသည်ကိုသတိထားမိကြောင်းပြောခဲ့သည်။
အာဂျင်တီးနားနိုင်ငံ ကက်တလစ်တက္ကသိုလ်မှအာဂျင်တီးနားပြည်သူ့မူဝါဒ ကျွမ်းကျင်ပညာ
ရှင်တစ်ဦးဖြစ်ကာနိုင်ငံရေးဆိုင်ရာဌာန အကြီးအကဲနှင့်ပါမောက္ခဖြစ်သူ ပက်ထရစ်စီယို ဂီယူ
စတို(Patricio Giusto)ကလည်း ရှီ၏မိန့်ခွန်းက ရှင်းလင်းပြတ်သားမှုရှိကြောင်း၊ နိုင်ငံ
ပေါင်းစုံအကျိုးတူမူဝါဒ ကိုကာကွယ်စောင့်ရှောက်ရန်အတွက် ဂျီ-၂၀ မူပေါင် အတွင်းတံခါးဖွင့်ဝါဒနှင့်ပူးပေါင်းဆောင်ရွက်မှု တို့၏ အရေးကြီးမှုကိုလည်းအလေးထားညွှန်ပြ သွားကြောင်းပြောခဲ့သည်။
ဘရာဇီးနိုင်ငံ ဂီတူလီယိုဗာဂါးစ် ဖောင်ဒေးရှင်းမှနိုင်ငံတကာဆက်ဆံရေးဗဟိုဌာန၏ပါမောက္ခ
အီဒူရာဒို မယ်လို( MellEduardoo)ကလည်း၂၀၀၈ စီးပွားရေးအကျပ်အတည်း နှင့်အတူဖြစ်ပေါ်လာသောအကျိုးသက်ရောက်မှုများကိုကျော်လွှားနိုင်ရန် ကမ္ဘာ့စီးပွားရေးကိုကူညီရာ
တွင်တရုတ်နိုင်ငံကအရေးကြီးသည့်ကဏ္ဍ မှပါဝင်နေကြောင်း သုံးသပ်သွားခဲ့သည်။
လက်တင်အမေရိကနှင့်ကါရေဘီယံစီးပွားရေးပညာရှင် များအသင်း၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ
ဘရာဇီးစီးပွားရေးပညာရှင် ဂျူလီယို မီရာဂါရာ(Julio Miragaya) ကလည်း စုစည်း ညှိ
နှိုင်းဆောင်ရွက်သွားကြဖို့ သမ္မတရှီ ၏အဆိုပြုချက်က မည်မျှအရေးပါသည် ကို၎င်းအနေနှင့်
သတိပြုမိကြောင်းပြောကြားသွားခဲ့သည်။
ထို့ပြင်တောင်အာဖရိကနိုင်ငံတက္ကသိုလ်မှပါမောက္ခဆာဘီလို ဂတ်ရှီနီ-အန်ဒီလိုဗူ (Sabelo Gatsheni-Ndlovu) ကလည်းသမ္မတရှီကအဆင့်မြှင့်တင်ပြောကြားခဲ့သော ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှု နှင့် အများအကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်မှုများက ယနေ့လူသားတို့လိုအပ်နေသည့်အချက် များဖြစ်ကြောင်းပြောကြားသွားခဲ့သည်။
၎င်းကနိုင်ငံအားလုံးအကျိုးရှိစေမည့်ကုန်သွယ်ရေးစနစ်ဖြစ်
လာစေရန်နိုင်ငံ တိုင်းကပူးပေါငိးပါဝင် ဆောင်ရွက်ရမည်ဟုပြောခဲ့သည်။
ဆော်ဒီအာရေးဘီးယား သတင်းစာဆရာအဗ္ဗဒူလ် အဇစ် ရှာဘန်(Abdul-Aziz Shaban)
ကလည်း ကမ္ဘာ့စီးပွားရေးအတွက်တရုတ်နိုင်ငံကတာဝန်သိသိဆောင်ရွကိမှုကိုချီးကျူးပါ
ကြောင်းပြောကြားသွားခဲ့သည်။ (Xinhua)