Connect with us

Latin America

ရိုးဖြောင့်မှုနှင့်အတူဆိုလျှင် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ဖြေရှင်း၍ မရသော အရေးကိစ္စ မရှိပါ

တရုတ်သမ္မတရှီကျင့်ဖိန် အား G20 ထိပ်သီးအစည်းအဝေးတက်ရောက်လာသော ကမ္ဘာ့ ခေါင်းဆောင်များနှင့်အတူတွေ့ ရစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် မှော်စွမ်းအားတစ်ခုရှိမည်ဆိုပါက ယင်းမှာ ရိုးသားဖြောင့်မတ်မှုပင်ဖြစ်သည်။

တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုအောက်တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် အလုပ်သဘောညစာစားပွဲတစ်ခု၌ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့သည် ၎င်းတို့နှစ်နိုင်ငံအကြား စီးပွားရေး နှင့် ကုန်သွယ်ရေးကိစ္စရပ်များအပေါ် သဘောတူညီမှုများ ရရှိခဲ့သည်။

တစ်ကမ္ဘာလုံးတွင်ရှိသော ပြည်သူများကလည်း ဆွေးနွေးပွဲရလဒ်ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းခဲ့ကြပြီး ယင်းထက်ပို၍ နှစ်ဖက်စလုံးကလည်း ရိုးသားဖြောင့်မတ်မှုဖြင့် လမ်းကြောင်းမှန်တစ်ခုပေါ်လျှောက်လှမ်းရန် ပြသခဲ့ခြင်းကြောင့် အချိန်အတိုင်းအတာတစ်ခုအတွက် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးသည် အရေးကြီးသော အခိုက်အတန့်တစ်ခုသို့ရောက်ရှိနေသည်။ အဆိုပါဆွေးနွေးပွဲ ပြီးခဲ့သော မတ်လမှစ၍ ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံအကြား ကုန်သွယ်မှု ဆက်ဆံရေး အငြင်းပွားမှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တို့အကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နှစ်နိုင်ငံသည် ကုန်သွယ်ရေးကန့်သတ်ချက်များကို ရှောင်ရှားရန် ယခုအခါသဘောတူညီမှု ရရှိခဲ့သည်။ယင်းမှာ လာမည့်အဆင့်အတွက် ၎င်းတို့နှစ်နိုင်ငံအကြား စီးပွားရေး နှင့်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကောင်းမွန်သော လမ်းကြောင်းတစ်ခုဖြင့် ရှေ့ဆက်သွားရန် အပေါင်းလက္ခဏာဆောင်သည့် အချက်ပြမှုတစ်ခုဖြစ်ခဲ့သည်။ ၎င်းတို့၏ စီးပွားရေး နှင့် ကုန်သွယ်ရေး ကိစ္စရပ်များကို ဖြေရှင်းရန် စိတ်ဓာတ်ခံယူချက်မှာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။နွေဦးကာလမှ ဆောင်းရာသီအထိ ရောက်ရှိလာခဲ့သော တရုတ်-အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေးသဘောထားကွဲလွဲမှုများသည် ၈ လကျော်အထိ အချိန်ကြာမြင့်ခဲ့သည်။

ယင်းကာလအတွင်း ယခင်ကထားရှိခဲ့သော သဘောတူညီချက်တစ်ခုကို နောက်ပိုင်းတွင် အမေရိကန်က ချိုးဖျက်ခဲ့ပြီး မကြာသေးခင်က အိမ်ဖြူတော်အနေဖြင့် တရုတ်-အမေရိကန်နှစ်နိုင်ငံဆက်ဆံရေး အသီးအပွင့်အပေါ် ထိခိုက်စေသည့် ကွဲပြားခြားနားသော ပြောဆိုချက်အချို့ကို ပြုလုပ်ခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် နှစ်ဖက်စလုံးက အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ တွေ့ဆုံဆွေးနွေးရန် ရွေးချယ်မှုပြုလုပ်ခဲ့ပြီး အရေးကိစ္စရပ်များကို တက်နိုင်သမျှမြန်မြန်ဆန်ဆန် အဖြေရှာပြီး ပြင်ပကမ္ဘာအား အပေါင်းလက္ခဏာဆောင်သည့် အမူအကျင့်ကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့သည်။

သုံးကြိမ်မြောက် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား တစ်ဖက်နှင့်တစ်ဖက် ထိတွေ့ဆက်ဆံမှုအပိုင်းတွင် ကာလကြာလာသည်နှင့်အမျှ ပို၍အတွေ့အကြုံရရှိခဲ့ကြသည်။ ရှီ-ထရမ့် ဆွေးနွေးပွဲသည် တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွား နောက်ထပ်မဖြစ်ပေါ်စေရေး ကာကွယ်တားဆီးရန်အတွက် ဖြစ်သည်။ တရုတ်နိုင်ငံကဖြစ်စေ အမေရိကန်နိုင်ငံကဖြစ်စေ ခက်ခက်ခဲခဲရရှိခဲ့သော အောင်မြင်မှုများကို တန်ဖိုးထားသွားကြရန်ဖြစ်သည်။

ယခုအခါ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသည့်အချက်များကို ဆက်လက်အကောင်အထည်ဖော်လျှောက်လှမ်းရန် နှစ်ဖက်စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ရမှာဖြစ်ပြီး အခြားတစ်ဖက်၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်းကိုင်တွယ်ဖြေရှင်းသွားရန် ၊ယခုနှစ်တွင် ထပ်ဆောင်းကုန်စည်အခွန်စည်းကြပ်မှုဖယ်ရှားရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်တင်ရန် ၊ ယခင်ကာလများက ရှိခဲ့သော နှစ်ဖက် စီးပွားရေး နှင့် ကုန်သွယ်ရေး ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရန် တို့ပင်ဖြစ်သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးထူထောင်မှုသည် နှစ်ပေါင်း ၄ဝ အခါသမယတို့ရောက်ရှိရန် တစ်လ တာမျှတာ လိုတော့ပြီး ယင်းမှာ သမိုင်းတွင်မည့် အခိုက်အတန့်တစ်ခုဖြစ်သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် တစ်ဖက်ကစိုးရိမ်ပူပန်နေမှုများကို ဖယ်ရှားနိုင်အောင် ကြိုးစားပြီး အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရန် နှင့် တစ်ဦးနှင့်တစ်ဦး ရှေ့ဆက် အတူတကွလျှောက်လှမ်းသွားရန် ဖြစ်သည်။ ၎င်းတို့နှစ်ဖက်ကြားကွဲပြားခြားနားနေမှုများကို လုံလုံလောက်လောက် စီမံခန့်ခွဲနိုင်ရန်မှာ နှစ်နိုင်ငံစလုံးအနေဖြင့် ဉာဏ်ပညာ နှင့် အချိန် ယူလုပ်ဆောင်သွားရမည်သာဖြစ်ပေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.