Connect with us

Latin America

သမ္မတအားလုပ်ကြံရန် ကြိုးပမ်းသည့် သံသယရှိသူ ၉ ဦးကို ဗင်နီဇွဲလားနိုင်ငံက ရှာဖွေဖော်ထုတ်

ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro အား တွေ့ ရစဉ် (ဆင်ဟွာ)

ကာရာကပ်စ် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

မကြာသေးမီက မအောင်မမြင်ဖြစ်ခဲ့သော ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro အား လုပ်ကြံရန်ကြိုးပမ်းသည့် ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခဲ့ရသူ ၉ ဦးကို ရှာဖွေဖော်ထုတ်လျက်ရှိ ကြောင်း အစိုးရထိပ်တန်းအရာရှိ တစ်ဦးက သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူများသည် ဗင်နီဇွဲလားနိုင်ငံသားများဖြစ်ကြပြီး လက်ရှိတွင် အမေရိကန် ၊ ကိုလံဘီယာ နှင့် ပီရူး စသည့်နိုင်ငံများတွင် နေထိုင်နေကြသူများဖြစ်ကြောင်း အစိုးရရှေ့နေချုပ် Tarek William Saab က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ အဲဒီနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဟာ နယ်နိမိတ် မရှိပါဘူး ” ဟု ၎င်း ကဆိုသည်။

သြဂုတ် ၄ ရက်ကဖြစ်ပွားခဲ့သော သမ္မတအားလုပ်ကြံရန်ကြိုးပမ်းသည့် အကြမ်းဖက်မှုဖြစ်စဉ် နှင့်ဆက်စပ်သူ ၄၃ ဦးထိရှိကြောင်း ၊ ၎င်းတို့အနက် ၂၁ ဦးကို ဖမ်းဆီးအရေး တရားစွဲဆိုထားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ငွေကြေးထောက်ပံ့သူများ နှင့် ပစ္စည်းသယ်ယူပို့ဆောင်ပေးသူများ နှစ်ခုစလုံးသည် တိုက်ခိုက်မှုဖြစ်စဉ်တွင် တာဝန်ရှိသူများဖြစ်ကြောင်း Saab က ဆိုသည်။

ကာရာကပ်စ်မြို့၌ ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားတစ်ခုတွင် သမ္မတမိန့်ခွန်း ပြောကြားနေစဉ် လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သမ္မတမိန့်ခွန်းပြောကြားရာ နေရာသို့အဝေးထိန်းစနစ်ဖြင့် ဒရုန်း(မောင်းသူမဲ့လေယာဉ်ငယ်) နှစ်စင်းသည် ချဉ်းကပ် ပျံသန်းလာပြီးနောက် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း သမ္မတ Maduro သည် လွတ်မြောက်ခဲ့ပြီး စစ်သားအချို့ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.