Latin America
အလေးချိန် တန်၃၀ ရှိသည့် ဥက္ကာခဲကြီးအား အာဂျင်တီးနား၌တွေ့ရှိ

အာဂျင်တီးနား၊ စက်တင်ဘာ ၁၃ရက် (ဆင်ဟွာ)
သိပ္ပံပညာရှင်များသည် အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း ၌ အလေးချိန် တန်၃၀ ရှိသည့် ဥက္ကာခဲကြီးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဥက္ကာခဲကြီးအား Buenos Aires မြို့ မြောက်ဘက် ၁,၀၈၅ကီလိုမီတာအကွာရှိ Gancedo မြို့တွင် စက်တင်ဘာ ၁၀ ရက်ကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Chaco နက္ခတ္တဗေဒအသင်း ဥက္ကဋ္ဌ မာရီယို ဗက်စ်ကိုနီ က Clarin နေ့စဉ်သတင်းစာသို့ပြောကြားခဲ့သည်။
ဗက်စ်ကိုနီ က “ယခင်စာရင်းသွင်းခဲ့တဲ့ အလေးချိန်တွေထက် ပိုမယ်လို့ မျှော်လင့်ထားပေမယ့် တန်၃၀ထက်ကျော်မယ်လို့တော့ မမျှော်မှန်းခဲ့ပါဘူး” ဟုပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄,၀၀၀ ကျော်က ကမ္ဘာ့မြေပေါ် ကျရောက်ခဲ့သည့် ဥက္ကာခဲများအား ပြသထားသည့် Campo del Cielo ဧရိယာတွင် ယင်း ဥက္ကာခဲကြီးအား ထားရှိထားကြောင်း သိပ္ပံပညာရှင်များ၏ ပြောကြားချက်အရသိရသည်။
ဥက္ကာခဲကြီးအား တိကျသည့် အတိုင်းအတာ များရရှိရန် ထပ်မံ ချိန်တွယ်သွားမည်ဖြစ်သည်။
တွေ့ရှိခဲ့သည့် ဥက္ကာခဲများအနက် အကြီးဆုံးမှာ Hoba ဟုခေါ်သည့် ဥက္ကာခဲဖြစ်ပြီး အလေးချိန် ၆၆တန်ရှိကာ Namibia တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)