Connect with us

Latin America

ဂျပန်ကို အောင်ပွဲခံသည့်နေ့ (V-J Day) ၌ သမိုင်းဝင်သွားသော သင်္ဘောသား တစ်ဦးနှင့် သူနာပြု အမျိုးသမီးတို့၏ အနမ်းခြွေနေသည့် ဓာတ်ပုံတွင် ပါရှိသည့် အမျိုးသမီး အသက် ၉၂ နှစ်တွင် သေဆုံး

ဂျပန်ကို အောင်ပွဲခံသောနေ့တွင် အထိမ်းအမှတ်ဖြစ်ခဲ့သည့် အနမ်းခြွေသည့် ဓာတ်ပုံနှင့် ဓာတ်ပုံပါ အမျိုးသမီး ဂရီတာ ဖရိုက်မန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံအား အောင်မြင်ခဲ့သည့်နေ့ (V-J Day= Victory over Japan Day) တွင် အမေရိကန်နိုင်ငံ တိုင်းမ်စကွဲ၌ ရိုက်ကူးပြီး သမိုင်းဝင်သွားသည့် သင်္ဘောသား တစ်ဦးမှ သူနာပြုတစ်ဦးအား အနမ်းခြွေနေသည့် ဓာတ်ပုံတွင် ပါရှိသော သူနာပြု အမျိုးသမီး ဂရီတာ ဖရိုက်မန်း (Greta Friedman) သည် စက်တင်ဘာလ ၈ ရက်က သေဆုံးသွားခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြခဲ့သည်။

ဖရိုက်မန်းသည် ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်းမြို့ရှိ ဆေးရုံ တစ်ခု၌ အဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်က ဂျပန်ကို အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် မန်ဟတ်တန်လမ်းပေါ်တွင် လူများ စုဝေးကာ အောင်ပွဲခံနေစဉ် အသက် ၂၁ နှစ်အရွယ် သွားဆရာဝန်၏ လက်ထောက် သူနာပြု အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဖရိုက်မန်းအား သင်္ဘောသား ဂျော့ရှ် မန်ဒွန်ဆာနှင့် V-J Day အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အနမ်းခြွေနေသည့် အခိုက်အတန့်အား ဓာတ်ပုံ ရိုက်ကူးမှု ရှိခဲ့သည်။
အဆိုပါ ဓာတ်ပုံအား Life မဂ္ဂဇင်းအတွက် ဓာတ်ပုံဆရာ Alfred Eisenstsedt က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ၂၀ ရာစု၏ အကျော်ကြားဆုံး ယဉ်ကျေးမှု ပန်းချီကား တစ်ချပ်သဖွယ် ဖြစ်ခဲ့သည်။
ဖရိုက်မန်း၏ ရုပ်အလောင်းအား Arlington အမျိုးသား သချို ၤင်း၌ ကွယ်လွန်သွားပြီ ဖြစ်သော ၎င်း၏ ခင်ပွန်း ဘေးတွင် မြှုပ်နှံမည် ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင် ဒေါက်တာ မီရှာ ဖရိုက်မန်းက ပြောသည်။
မန်ဒွန်ဆာသည် လက်ရှိတွင် Rhode ကျွန်းရှိ နယူးပို့မြို့၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.