Connect with us

Latin America

အာဂျင်တီးနား တွင် ကားချောက်ထဲကျ၍ လူပေါင်း ၄၁ ဦး သေဆုံး

မော်တော်ယာဉ် ချောက်ထဲသို့ ကျမှုတွင် ပါဝင်သွားသော ခရီးသည်များ၏ ဆွေမျိုးမိသားစုများကို တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေရီးစ် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း၊ ဆော်လ်တာ ပြည်နယ်တွင် ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၄ ရက်နေ့က ခရီးသည် အပြည့် တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် အလွန်နက်သော ချောက်တစ်ခုအတွင်းသို့ ထိုးကျသွား သဖြင့် လူပေါင်း ၄၁ ဦး သေဆုံး ခဲ့ရကြောင်းသိရသည်။

လူပေါင်း ၅၁ ဦးခန့် တင်ဆောင်လာသော ခရီးသည်တင် ယာဉ်တစ်စီးသည် ဒီဇင်ဘာ ၁၄ ရက်တွင် အဝေးပြေးလမ်း အမှတ် ၃၄ အတိုင်း သွားနေစဉ် ချောက်ကမ်းပါးအတွင်း ထိုးကျခဲ့ပြီး လူ ၄၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့၏အဆိုအရ လမ်းအခြေအနေသည် ဆိုးရွားခြင်းနှင့် ညပိုင်း မောင်းနှင်ခြင်းသည်လည်း ယခု ကဲ့သို့ ဖြစ်ပွား ရသော အဓိက အကြောင်းအရင်း ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)