Connect with us

Latin America

အန္တာတိကတိုက် အပေါ်ရှိ အိုဇုန်းလွှာ အပေါက် စံချိန်တင် ကြီးထွားလာ

အန္တာတိကတိုက် တစ်နေရာ အားတွေ့ရစဉ် (ဆင်ဟွာ)

စန်တီယာဂို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာ အပေါက်သည် တဖြည်းဖြည်း ကြီးလာပြီး စံချိန်တင် အရွယ်အစားသို့ ရောက်ရှိလာကြောင်း ချီလီ သိပ္ပံပညာရှင်များက ဒီဇင်ဘာလ ၂၉ ရက်က ပြောကြားခဲ့သည်။

လက်ရှိ အိုဇုန်းလွှာ အပေါက်သည် ဧရိယာအားဖြင့် စတုရန်း ကီလိုမီတာ ၁၀ သန်းရှိနေပြီး ယခင်နှစ်က ယခုလို အချိန် မှတ်တမ်းတင်ခဲ့သည့် ပမာဏထက် နှစ်ဆကျော် ဖြစ်လာခဲ့ကြောင်း စင်တီယာဂို တက္ကသိုလ်နှင့် ချီလီ အန္တာတိက ကောလိပ်က သုတေသီများက ပြောသည်။

ယခုလ၏ တိုင်းတာမှုသည် လက်ရှိ ရာသီဥတု၏ အထက်လေထု အပူချိန်လျော့နည်ခြင်းနှင့် ဆက်စပ်နေသည် မှာ သေချာကြောင်း သိပ္ပံပညာရှင် Raul Cordero ကပြောသည်။

Cordero နှင့် Alessandro Damiani တို့က တောင်ဝင်ရိုးစွန်းတန်းမှ ကီလိုမီတာ ၁,၀၀၀ အကွာတွင် တည်ရှိ သော ယူနီယံ ဂလက်ဇီရှိ သိပ္ပံဆိုင်ရာ ပိုလာ စခန်းသို့ သွားရောက်ပြီးနောက် ဒီဇင်ဘာလ ဂြိုလ်တု ဖတ်ရှုမှုအား တင်ပြခဲ့သည်။

အိုဇုန်းလွှာ လျော့နည်းလာမှုသည် အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖြစ်သည့် အန္တာတိက တိုက်တွင် နွေဦး ရာသီအတွင်း ပင်လယ်ပြင်ရေ မျက်နှာပြင် အထက်အမြင့် မြင့်မားလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ပဲရစ်တွင် လတ်တလော ပြုလုပ်ခဲ့သည့် ရာသီဥတု ပြောင်းလဲခြင်း ဆွေးနွေးမှုမှ ရရှိလာသော သဘောတူညီ ချက်သည် ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချရေးနှင့် ရာစုနှစ်ဝက်အတွင်း အိုဇုန်းလွှာ ပြန်လည် ကောင်းမွန်လာစေ ရေး စသည်တို့တွင် အကူအညီ ဖြစ်လာစေမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက မျှော်လင့်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.