Latin America
အာဂျင်တီးနား အနောက်-အလယ်ပိုင်း၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ်
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)
အာဂျင်တီးနားနိုင်ငံ အနောက်-အလယ်ပိုင်း၌ နိုဝင်ဘာလ ၂ဝ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး( USGS) က သတင်းထုတ်ပြန်ခဲ့သည်။
အာဂျင်တီးနားနိုင်ငံ Zonda မြို့၏ တောင်-အနောက်တောင်ပိုင်း ၁ဝ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်း ငလျင်သည် မြေပြင်အောင် အနက် ၁၁၆ ကီလိုမီတာခန့်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံရှိ သတင်းဌာနများက ငလျင်သတင်းကို လျစ်လျူရှုထားချိန်တွင် အိမ်နီးချင်း ချီလီနိုင်ငံမှ သတင်းစာများက နိုင်ငံအလယ်ပိုင်းတွင် ငလျင်လှိုင်း လှုပ်ခတ်မှုကိုခံစားခဲ့ရကြောင်း သတင်းရေးသားဖော်ပြခဲ့ကြသည်။
“ နိုင်ငံရဲ့ အလယ်ပိုင်းဇုံမှာ နိုဝင်ဘာလ ၂ဝ ရက် ညနေ ပိုင်းက အာဂျင်တီးနားနိုင်ငံအတွင်း အင်အားပြင်းငလျင်လှုပ်ခတ်သွားတာကို ခံစားခဲ့ရပါတယ်” ဟု El Mercurio အွန်လိုင်းနေ့စဉ်သတင်းက ဖော်ပြခဲ့သည်။
ငလျင်ကြောင့် အဆောက်အအုံပြိုပျက်ခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ချီလီနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊အမျိုးသား အရေးပေါ်စီမံခန့်ခွဲရေးရုံး( ONEMI) ၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကနဦးသတင်းက ဖော်ပြခဲ့သည်။(Xinhua)