Connect with us

Latin America

အာဂျင်တီးနားတွင် ရန်ပုံငွေအတွက် မီတာ ၅၀၀ အရှည်ရှိသည့် ပီဇာ ပြုလုပ်

မီတာ ၅၀၀ အရှည်ရှိသည့် ပီဇာကြီးအား ပြုလုပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘရူနို အေးရိစ်၊ နိုဝင်ဘာ ၂၁ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံတွင် မွေးရာပါဉာဏ်ရည်နိမ့်ရောဂါ (Down syndrome) အကြောင်း ပြည်သူလူထု ပိုမို သိရှိစေရန် နှင့် အာဂျင်တီးနားမွေးရာပါဉာဏ်ရည်နိမ့်ရောဂါ အဖွဲ့အစည်းသို့ ငွေကြေးလှူဒါန်းရန်အတွက် အာဂျင်တီးနားနိုင်ငံသားအချို့သည် နိုဝင်ဘာ ၂၀ရက်က မီတာ ၅၀၀အရှည်ရှိသည့် ပီဇာကြီးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပီဇာ နှင့် မုန့်လုပ်ငန်းရှင်များ အဖွဲ့အစည်းက မျိုးရိုးဗီဇချို့ယွင်းချက်ရှိနေသည့် လူများအား နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ရင်ဆိုင်ရာ၌ အကူအညီပေးနိုင်ရန် ၎င်းတို့၏ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်း မြင့်မားလာစေဖို့အတွက် အဆိုပါ ပွဲအား ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့သူမြို့သား ရာပေါင်းများစွာသည် ပီဇာအချပ်ပေါင်း ၂၀,၀၀၀မှ ပီဇာ နှစ်ချပ် နှင့် ဖျော်ရည်တစ်ခွက်အား ပီဆို ၃၀ ( အမေရိကန်ဒေါ်လာ ၂ဒေါ်လာ) ဖြင့် ဝယ်ယူရန် ဘရူနို အေးရိစ်မြို့တော်အလယ်ရှိ Avenida de Mayo ရိပ်သာ၌ တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်းသိရသည်။

အဆိုပါ ပီဇာကြီးအား ပြုလုပ်ရန် ဂျုံမှုန့် ၇၅၀ကီလိုဂရမ်ခန့်၊ ရေ ၄၅၀လီတာ၊ ချိစ် ၇၅၀ ကီလိုဂရမ်၊ ဝက်ပေါင်ခြောက် ၃၀၀ကီလိုဂရမ်၊ ခရမ်းချဉ်သီးဆော့စ် ၃၀၀လီတာ နှင့် သံလွင်သီး ၂၅,၀၀၀ ကို အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.