Latin America
ကိုလံဘီယာနိုင်ငံတွင် FARC သူပုန်အဖွဲ့က လက်နက်ကိုင်တော်လှန်မှု ပြန်လည်ပြု လုပ်မည်ဟုပြောကြား

ဘိုဂိုတာ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ၏ ယခင်လက်နက်ကိုင်သူပုန်အဖွဲ့ဟောင်းဖြစ်သောကိုလံဘီယာတော်လှန်ရေးလက် နက်ကိုင်တပ်ဖွဲ့ (FARC) ၏ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင်ဟောင်း အီဗန်မာကွက်ဇ် (Ivan Marquez) က၎င်းအနေဖြင့် အခြားသော FARC သူပုန်အဖွဲ့၏ ခေါင်းဆောင်ဟောင်းများနှင့်အတူ ပြန် လည်၍ လက်နက်ကိုင်တိုက်ခိုက်မှု ပြုလုပ်ရလိမ့်မည်ဟု သြဂုတ် ၂၉ ရက်က ကြေညာလိုက်ကြောင်း သတင်းများအရသိရသည်။
မာကွက်ဇ် ကဗီဒီယိုတစ်ခုတွင် ကိုလံဘီယာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးစာချုပ်ပါ သဘောတူညီချက် များကို လိုက်နာမှု မပြုခဲ့ကြောင်းနှင့် လက်နက်ကိုင်သူပုန်တပ်ဖွဲ့ဝင ်အများအပြား လက်နက်စွန့်လွှတ် ခဲ့ဲ့ကြရပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။၎င်းက “ ကိုလံဘီယာနိုင်ငံအလယ်ပိုင်း FARC လက်နက်ကိုင်အဖွဲ့ပေါက်ဖွားရာ Second Marquetalia ဒေသဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းအကာအကွယ်အောက်မှာရှိနေပြီး ဒီအ ခွင့်အရေး က ကမ္ဘာ့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှုကို လက်နက်ကိုင်တွန်းလှန်ဖို့ ကူညီသွားမှာပါ” ဟု ပြောကြားခဲ့သည်။မာကွက်ဇ် ကဗီဒီယိုထဲတွင် လက်နက်ကိုင်ထားကြသော အခြားသူများနှင့်အတူရှိသည့် ယခင် FARC အဖွဲ့ခေါင်းဆောင်ဟောင်းများဖြစ်သော ဂျိုးဆက် ဆန်ထရစ်ရှ်(Jesus Santrich) နှင့် ဟာနန်ဒါရီယို ဗီလန်ကွက်ဇ်(Hernan Dario Velasquez) တို့၏ ကြေညာချက်ကို ဖတ်ကြားသွားခဲ့သည်။(Xinhua)