Connect with us

Latin America

ဘရာဇီးနိုင်ငံသမ္မတ ကနိုင်ငံစီးပွားရေး နာလန်ထူမှုနှေးကွေးနေကြောင်းဝန်ခံ

ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို အားတွေ့ရစဉ်(ဆင်ဟွာ)

ရီအိုဒီဂျနေးရိုး၊ သြဂုတ်လ ၃၁ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို(Jair Bolsonaro) က ဘရာဇီးနိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တိုး တက်မှုရှိနေသော်လည်း စီးပွားရေးနာလန်ထူမှုကနှေးကွေးမှုရှိကောင်းရှိနေမည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။

သမ္မတကနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) က ၂၀၁၉ ခုနှစ်၏ဒုတိယသုံးလပတ် အတွင်းတွင်ပထမသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါကသုည ဒသမ ၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တစ်ရာခိုင်နှုန်းတိုးတက်လာသည်ဟုဆိုနိုင်ကြောင်းပြောခဲ့ ပါသည်။

သမ္မတ ဂျာဘိုလ်ဆိုနာရို က ပြည်တွင်းမီဒီယာများအနေနှင့် စာရင်းဇယားများအပေါ်ကြည့်၍ စီးပွားရေး တိုးတက်မှု အတွက် ချီးကျူးပြောကြားခြင်းမရှိဘဲ နှေးကွေးနေကြောင်းသုံးသပ်ရေးသားကြခြင်းအပေါ် တွင်ယေဖန်ပြောကြားခဲ့ပါသည်။ သို့သော်၎င်းက ဘရာဇီးနိုင်ငံ၏ စီးပွားရေးနာလန်ထူမှုကလျင်မြန်စွာ တိုးတက်ခြင်းမရှိကြောင်း ယူဆနိုင်သည်ကိုမူ ဝန်ခံသွားခဲ့သည်။

၎င်းက “တကယ်ဆိုရရင်စီးပွားရေးနာလန်ထူမှုကနှေးကွေးတယ်လို့တော့ပြောနိုင်ပါတယ်၊စီးပွားရေးဆ ို

တာက အပျော်စီးသင်္ဘောကြီးနဲ့တူတာကိုး၊မပြောင်းလဲဘဲ တစ်သမတ်တည်းတည်ငြိမ်နေဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ ကိုယ့်အိမ်မှာတောင် ကြွေးမြီတွေတင်နေခဲ့ရင် အိမ်ရဲ့စီးပွားရေးကနှေးကွေးနေပြီး ဒီအခြေ အနေကပြန်နာလန်ထူလာဖို့ အင်မတန်ရှုတ်ထွေးနိုင်သေးတာပဲ” ဟုပြောကြားသွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.