Latin America
အမေရိကန်က IS စစ်သွေးကြွများအားတိုက်ခိုက်ရန် ဆီးရီးယားသို့ တပ်ဖွဲ့ဝင် ၂၀၀ ထပ်မံစေလွှတ်မည်
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် IS စစ်သွေးကြွအုပ်စုအားတိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ရန် ဆီးရီးယားနိုင်ငံ သို့ အမေရိကန်တပ်သား ၂၀၀ခန့် ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဒီဇင်ဘာ ၁၀ရက် တွင် ပြောကြားခဲ့သည်။
ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်အရ ထပ်မံစေလွှတ်မည့် အမေရိကန်တပ်ဖွဲ့ဝင်များတွင် အထူးစစ်ဆင်ရေး တပ်သားများ၊ နည်းပြများ၊ အကြံပေးများ နှင့် ဗုံးရှင်းလင်းရေး အဖွဲ့များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာ (Ash Carter) က ဘာရိန်းနိုင်ငံတွင် ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယခု ထပ်မံ စေလွှတ်မည့် အမေရိကန် ကျွမ်းကျင်အဆင့် တပ်ဖွဲ့ဝင်များသည် ဆီးရီးယားတွင် ရှိနေသော အမေရိကန် အထူးတပ်ဖွဲ့ဝင် ၃၀၀ နှင့် ပူးပေါင်းကာ စည်းရုံးဖွဲ့စည်းခြင်း၊ လေ့ကျင့်ပေးခြင်း၊ အထောက်အပံ့ပစ္စည်းများ တပ်ဆင်ပေးခြင်း တို့သာမက ISစစ်သွေးကြွများနှင့် တိုက်ခိုက်မည့် ဒေသတွင်းတပ်ဖွဲ့များအား စိတ်ဓါတ်ပိုင်းဆိုင်ရာခွန်အားပေး မြှင့်တင်မှုများကိုပါ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကာတာ၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။ (Xinhua)