Latin America
Maps အတွင်းသို့ ဂူဂဲလ်က ကြော်ငြာအများအပြား ထပ်မံထည့်သွင်း
ဆန်ဖရန်စစ္စကို၊ မေ ၂၅ ရက် (ဆင်ဟွာ)
ဒေသဆိုင်ရာ စီးပွားရေး လုပ်ငန်းများ မြှင့်တင်သည့် အနေဖြင့် ဂူဂဲလ်က ၎င်း၏ မြေပုံ ဝန်ဆောင်မှုဖြစ်သည့် Google Maps မှတဆင့် နည်းလမ်းသစ်များ လုပ်ဆောင်ထားကြောင်း ဂူဂဲလ်က မေလ ၂၄ ရက်က ပြောသည်။
ယင်း အစီအစဉ်မှာ ဆန်ဖရန်စစ္စကို၌ ပြုလုပ်သည့် Google Performance Summit ၌ ဂူဂဲလ်၏ ကြော်ငြာ တာ ဝန်ခံ အကြီးအကဲ Sridhar Ramaswamy ကကြေညာခဲ့ပြီး အဆိုပါ “promoted pins” သည် Google Maps သုံးစွဲသူများ၏ မိုဘိုင်းကိရိယာ အသုံးအဆောင်များ၏ မျက်နှာပြင်များ၌ ပေါ်နေမည် ဖြစ်သည်။
ယင်း “promoted pins” သည် သင်သွားရာ လမ်းကြောင်း တလျှောက်ပေါ်ရှိ စားသောက်ဆိုင်၊ ဂတ်စ်ဆိုင် စသည့် စီးပွားရေး လုပ်ငန်းများအား ညွှန်ပြပေးမည် ဖြစ်သည်။
ဂူဂဲလ် ကြော်ငြာရှာဖွေရေး ဒုတိယ ဥက္ကဋ္ဌ ဂျယ်ရီ ဒစ်ချလာက အင်တာနက် search engine ဝန်ဆောင်မှုအား စတင်ခဲ့သည့် ၁၉၉၈ ခုနှစ်မှ စ၍လက်ရှိ အချိန်အထိ ရှာဖွေသူပေါင်း ထရီလီယံနှင့်ချီ၍ ရှိလာခဲ့ပြီး ယင်းအနက် ထက် ဝက်ကျော်မှာ မိုဘိုင်း ကိရိယာအသုံးအဆောင်များဖြင့် သုံးစွဲသူများ ဖြစ်သည်။
ကမ္ဘာအနှံ့ Google Maps သုံးစွဲသူပေါင်း ၁ ဘီလီယံကျော် ရှိသည်။
ကမ္ဘာ့ အကြီးဆုံး ဒီဂျစ်တယ် ကြော်ငြာ ကွန်ရက်ဖြစ်သည့် ဂူဂဲလ်၏ ကြော်ငြာ ဝင်ငွေသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၇ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)