Connect with us

Latin America

ဟာဝိုင်ယီကျွန်းတွင် လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့၍ လူငါးဦး သေဆုံး

Kauai ကျွန်းအား ကောင်းကင် ဓါတ်ပုံမှ တစ်ဆင့်တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျယ်လိစ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဟာဝိုင်ယီကျွန်းတွင် မေလ ၂၃ ရက် က လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့၍ ယာဉ်ပေါ်၌ လိုက်ပါလာသူ လူငါးဦးစလုံး သေဆုံး သေဆုံးခဲ့ကြောင်း သိရသည်။

လေထီးခုန် ခရီးစဉ် ထွက်လာသည့် အဆိုပါ လေယာဉ်သည် Kauai ကျွန်း၏ Hanapepe ဒေသမှ ပျံတက်စဉ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ စီရင်စု တာဝန်ရှိသူများက လူလေးဦးသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အင်ဂျင်တစ်လုံးတပ် Cessna 182H လေယာဉ်ဖြင့် ခရီးသည် လေးဦးနှင့် လေယာဉ်မှူး တစ်ဦး လိုက်ပါလာပြီး Port Allen လေဆိပ်တွင် ဒေသ စံတော်ချိန် နံနက် ၉း၃၀ နာရီ၌ ပျက်ကျခဲ့ကြောင်း ဖယ်ဒရယ် လေကြောင်း ပို့ဆောင်ရေး စီမံခန့်ခွဲမှု ဦးစီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Ian Gregor ၏ ပြောကြားချက်ကို ကိုးကား၍ Honolulu Star သတင်းစာ၌ ဖော်ပြခဲ့သည်။
Kauai ကျွန်း၏ လေယာဉ် ပျက်ကျမှုသည် မေလ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှု နှစ်ခု အနက် တစ်ခုဖြစ်ပြီး မေလ ၂၃ ရက်နေ့ နှောင်းပိုင်းတွင် လူနှစ်ဦး လိုက်ပါလာသည့် လေယာဉ်ငယ် တစ်စီးလည်း Makaha ဒေသအလွန် ပင်လယ် ရေပြင်ထဲသို့ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.