Connect with us

Latin America

တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိ၍ ဘရာဇီးရေကူးမယ် Medeiros အိုလံပစ်ပြိုင်ပွဲ လွဲချော်ဖွယ်ရှိ

နာမည်ကျော် ဘရာဇီး အိုလံပစ်ရေကူးမယ် Medeiros အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံမှ ရေကူးမယ် Etiene Medeiros သည် တားမြစ်ဆေးဝါး သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိသဖြင့် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ခွင့်ရတော့မည် မဟုတ်ကြောင်း သက်ဆိုင်ရာက ဇွန် ၁၆ ရက်တွင် အတည်ပြုပြောကြားသည်။

ပြီးခဲ့သော မေလက အိုလံပစ်ပြိုင်ပွဲဝင်များ အတွက် နောက်ဆုံးအဆင့် အပြီးသတ် ဆေးစစ်မှု ပြုလုပ်ခဲ့ရာ အသက် ၂၅ နှစ်အရွယ်ရှိ ရေကူးမယ်သည် စိတ်ကြွဆေး Fenoterol သုံးစွဲထားကြောင်း ဆီးနမူနာ စစ်ချက် အဖြေအရ သိရသည်။
ဟိုမုန်းဓာတ် တိုးပွားစေသော ဒြပ်ပေါင်းများ ပါဝင်သည့် အတွက် Fenoterol အား ကမ္ဘာ့စိတ်ကြွဆေး တိုက်ဖျက်ရေး အေဂျင်စီ ကပိတ်ပင် တားဆီးထားခဲ့ခြင်း ဖြစ်သည်။
“ ဘရာဇီး စိတ်ကြွဆေး တားမြစ်ရေး အာဏာပိုင်အဖွဲ့(ABCD) ဟာ ဇွန်လ ၁၅ ရက်မှာ ဘရာဇီး ရေကူးအဖွဲ့ချုပ် (CBDA) ဆီကို အချက်အလက်တွေပေးပို့ထားပါတယ်။ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို စတင် လုပ်ဆောင်သွားမှာပါ” ABCD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Medeiros သည် သြဂုတ်လတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၌ မီတာ ၅ဝ နှင့်မီတာ ၁ဝဝ အလွတ်ကူး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဘရာဇီးနိုင်ငံ လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်း ခံထားရသူ ဖြစ်သည်။ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည့် Medeiros သည် လာမည့် ရက်များတွင် အယူခံ ဝင်သွားဖွယ် ရှိကြောင်း မျှော်လင့်ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.