International Organizations
တရုတ်သိပ္ပံပညာရှင်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ UNESCO-Al Fozan ဆု ဆွတ်ခူးရရှိ

ပဲရစ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သည် စက်တင်ဘာ ၁၉ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ရုံးချုပ်၌ UNESCO-Al Fozan သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ (STEM) ကဏ္ဍ ထူးချွန်လူငယ်သိပ္ပံပညာရှင် နိုင်ငံတကာဆု (Al Fozan ဆု ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ လေထုရူပဗေဒ သုတေသနဌာနမှ သုတေသီ ချိန်လီကျင်းသည် ဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ၎င်းက ပင်လယ်သမုဒ္ဒရာ ရာသီဥတုပြောင်းလဲမှုအတွက် သိပ္ပံနည်းကျ သက်သေအထောက်အထား ပံ့ပိုးပေးမှုကို ဂုဏ်ပြုရန်အတွက် ဆုချီးမြှင့်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းသက်သေများသည် အန္တရာယ်အား အကဲဖြတ်မှု၊ ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေစေရန်နှင့် ပြေလျော့သက်သာစေရန်အတွက် အရေးကြီး အခြေခံဖြစ်ပေသည်။
ချိန်လီကျင်း၏ လုပ်ငန်းများတွင် ပင်လယ်သမုဒ္ဒရာ အချက်အလက် စီမံမှုနည်းပညာနှင့် အချက်အလက်အုပ်စု ဖော်ဆောင်ခြင်း၊ ပင်လယ်သမုဒ္ဒရာ၏ အပူပါဝင်မှု၊ ဆားဓာတ်နှင့် ပျော်ဝင်အောက်ဆီဂျင်တို့၏ သမိုင်းကြောင်းအရ ပြောင်းလဲမှု၊ ကမ္ဘာမြေကြီး၏ စွမ်းအင် အရအသုံးနှင့် ရေစက်ဝန်း ဆင့်ကဲပြောင်းလဲမှုတို့အား သုတေသနပြုလုပ်ခြင်းတို့ ပါဝင်ကြောင်း UNESCO အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
၎င်းသည် နိုင်ငံတကာမှ လုပ်ငန်းတူသူများနှင့်အတူညှိနှိုင်း၍ ပင်လယ်သမုဒ္ဒရာ အချက်အလက် အရည်အသွေးအား မြှင့်တင်ခြင်း၊ အရည်အသွေးမြင့် ကွန်ရက်အချက်အလက်အုပ်စု တည်ဆောက်ခြင်း၊ ပင်လယ်သမုဒ္ဒရာက ရာသီဥတုပြောင်းလဲမှုအား မည်ကဲ့သို့ တုံ့ပြန်သည်ကို နားလည်သိရှိအောင် လုပ်ဆောင်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အား ပံ့ပိုးပေးရန်အတွက် သက်ဆိုင်ရာ အန္တရာယ်များအား သုတေသနပြုလုပ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု လိုက်လျောညီထွေဖြစ်စေရန်နှင့် လျော့ပါးသက်သာစေရန် မူဝါဒအတွက် ပံ့ပိုးမှုပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။
“ဒီဆုကို လက်ခံရရှိတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ပင်လယ်သမုဒ္ဒရာ ရာသီဥတုပြောင်းလဲမှုက အတန်အသင့် လူသိနည်းတဲ့ ပညာရပ်တစ်ခုပါ။ အခု ဆုရရှိတဲ့အခါအခွင့်ကြုံခိုက် ပညာရပ်အတွက် ပိုမိုလူသိများလာအောင် လုပ်ဆောင်ပြီး အနာဂတ်မှာလည်း ပိုမိုများပြားတဲ့ အကျိုးထမ်းဆောင်မှု လုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အရေးရရှိကာ ပင်လယ်သမုဒ္ဒရာ ရာသီဥတု သုတေသနပြုလုပ်မှုကို တွန်းအားပေး၍ ရာသီဥတုစီမံခန့်ခွဲမှုအတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ချိန်လီကျင်းက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ယခုနှစ်အတွက် ဆုရရှိသည့် အခြား ၄ ဦးမှာ ဆိုက်ပရပ်စ်၊ မော်ရိုကို၊ နမီးဘီးယားနှင့် ပီရူးနိုင်ငံတို့မှဖြစ်သည်။ ၎င်းတို့သည် သိပ္ပံနည်းပညာ အမျိုးအစား သင်ကြားမှုဖြင့် လူငယ်များကို အားဖြည့်ပေးခြင်း၊ ရင်သားကင်ဆာ အန္တရာယ် ကြိုတင်ခန့်မှန်းနိုင်မှုကိရိယာ ဖော်ဆောင်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲမှု သုတေသနပြုလုပ်ခြင်း စသည့် ကဏ္ဍများ၌ အကျိုးထမ်းဆောင်မှုများကြောင့် ဆုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Al Fozan ဆုကို UNESCO အဖွဲ့နှင့် ဆော်ဒီအာရေဗျနိုင်ငံမှ Al Fozan ဖောင်ဒေးရှင်းတို့မှ ၂၀၂၁ ခုနှစ်တွင် ပူးတွဲ ထူထောင်ခဲ့ခြင်းဖြစ်ပြီး သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာကဏ္ဍမှ လူငယ်ထူးချွန်သူ ၅ ဦးအား နှစ်နှစ်လျှင်တစ်ကြိမ် ဆုချီးမြှင့်၍ ၎င်းတို့က နိုင်ငံ၊ ဒေသနှင့် ကမ္ဘာလုံးဆိုင်ရာအလွှာ၌ သိပ္ပံပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများအတွက် အကျိုးထမ်းဆောင်မှုက ဂုဏ်ပြုပေးကြောင်း သိရသည်။ (Xinhua)
————————–
(Chinese Version)
中国科学家获联合国教科文组织“阿勒福赞奖”
新华社巴黎9月19日电(记者罗毓)联合国教科文组织19日在巴黎总部举行联合国教科文组织-阿勒福赞科学、技术、工程、数学领域杰出青年科学家国际奖(简称“阿勒福赞奖”)颁奖典礼,中国科学院大气物理研究所研究员成里京获奖,以表彰其为海洋气候变化提供的科学证据,这些证据是评估风险、适应和减缓气候变化的关键基础。
教科文组织介绍,成里京的工作包括开发海洋数据处理技术和数据集,研究海洋热含量、盐度和溶解氧历史变化,以及揭示地球的能量收支和水循环演变。他协调国际同行提高海洋数据质量,构建高质量网格数据集,理解海洋如何响应气候变化,研究相关风险以支持可持续发展目标,并为全球气候适应和减缓政策决策提供支撑。
“很高兴获此殊荣,海洋气候变化是一个相对小众的学科,希望借获奖契机为学科争取更多关注,未来能有机会做更多贡献,推动海洋气候研究并服务气候治理。”成里京对新华社记者说。
今年另外4名获奖者分别来自塞浦路斯、摩洛哥、纳米比亚和秘鲁。他们因通过科学技术类教育赋能青年、开发乳腺癌风险预测工具和生物多样性研究等方面贡献而获奖。
“阿勒福赞奖”由联合国教科文组织与沙特阿拉伯的阿卜杜拉·阿勒福赞教育基金会于2021年联合设立,每两年颁发给5名科学、技术、工程、数学领域的青年工作者,表彰他们在国家、地区和全球层面对科学事业发展和社会经济发展等方面的贡献。(完)
图说1:9月19日,在法国巴黎,中国科学家成里京在“阿勒福赞奖”颁奖典礼现场。新华社记者 罗毓 摄