Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်

အစ္စရေးတို့ သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တွင် မီးခိုးများ ထွက်ပေါ်လာသည်ကို ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ လက်ဘနွန်မှ ဒုံးကျည်အစင်း ၁၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒုံးကျည်အများစုသည် ကျယ်ပြန့်သောလဟာပြင်နေရာများတွင် ကျရောက်ခဲ့ပြီး အသေအပျောက်မရှိခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။ ဒုံးကျည်ဖြင့် တိုက်ခိုက်ရခြင်းမှာ လက်ဘနွန် တောင်ပိုင်း၌ အစ္စရေးနိုင်ငံက ထိုနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းအဖွဲ့၏ အကြီးတန်းတပ်မှူးတစ်ဦး သေဆုံးခဲ့ရခြင်းအပေါ် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့၏ အဓိကပုဂ္ဂိုလ် နာဆာ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇူလိုင် ၃ ရက်အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
以色列北部遭大量火箭弹袭击
新华社耶路撒冷7月3日电 以色列国防军3日发表声明说,至少有100枚火箭弹从黎巴嫩射向以色列北部地区。
根据以军声明,火箭弹大多落在空旷地区,未造成人员伤亡。黎巴嫩真主党宣布实施了火箭弹袭击,以报复以军当天空袭黎南部造成该组织一名高级指挥官死亡。以军3日早些时候发表声明,确认黎巴嫩真主党核心人物纳赛尔在以军空袭中死亡。
图说:6月13日,浓烟在以色列控制的戈兰高地升起。