Connect with us

International Organizations

ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးက “အနာဂတ်ကို ဖန်တီးတဲ့ မဟာဗျူဟာမြောက် အခွင့်အလမ်း” ဖြစ်လိမ့်မည်ဟု BRICS နိုင်ငံများ New Development Bank ဥက္ကဋ္ဌ Dilma Rousseff ဆို

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပသည့် New Development Bank ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသော ဘရာဇီးနိုင်ငံ သမ္မတဟောင်း၊ BRICS နိုင်ငံများ New Development Bank ဥက္ကဋ္ဌ Dilma Rousseff အား ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
“ပေကျင်းမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးက သမိုင်းကို အထိမ်းအမှတ် ပြုလုပ်မှုသာမက အနာဂတ်ကို ဖန်တီးတဲ့ မဟာဗျူဟာမြောက် အခွင့်အလမ်းပို၍ ဖြစ်ပါတယ်” ဟု BRICS နိုင်ငံများ New Development Bank ဥက္ကဋ္ဌ၊ ဘရာဇီးနိုင်ငံ သမ္မတဟောင်း Dilma Rousseff က မကြာသေးမီက ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ပေကျင်း စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံတွင် “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” အား အတည်ပြုခဲ့ရာ “လှုပ်ရှားမှုဖြင့် တန်းတူညီမျှမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဂရုပြုသည့် ကဏ္ဍ ၁၂ ရပ်၊ ကဏ္ဍတိုင်း၏ မဟာဗျူဟာမြောက် ရည်မှန်းချက်နှင့် မူဝါဒမူဘောင်အား အတည်ပြုခဲ့သည်။
ပေကျင်း စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံသည် “တစ်ကမ္ဘာလုံးက အတူလက်တွဲပြီး ကျား၊ မ တန်းတူညီမျှမှု ဖော်ဆောင်သည့် ဖြစ်စဉ်အတွင်း သမိုင်းမှတ်ကျောက်တင် ကိစ္စရပ်” ဖြစ်ကြောင်း၊ “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” သည် “တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌ အမျိုးသမီးများ လုပ်ပိုင်ခွင့်အတွက် မရှိခဲ့ဖူးသည့် ကတိပြုမှု” ပို၍ပင်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ကျား၊ မ တန်းတူညီမျှမှု စသည့် အရေးကိစ္စများ ဆွေးနွေးမှုတွင် နက်ရှိုင်းသောပြောင်းလဲမှု ဖြစ်လာရန် တွန်းအားပေးခဲ့ကြောင်း Dilma Rousseff က ပြောကြားခဲ့သည်။
“နှစ်ပေါင်း ၃၀ အကြာ ယနေ့တွင် အဆိုပါရလဒ်သည် လက်တွေ့အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ရုံသာမက အလွန်လည်း အရေးကြီးပါတယ်။ ‘လှုပ်ရှားမှုအစီအစဉ်’ က သမိုင်းစာရွက်စာတမ်း တစ်ခုသာမက သက်ဝင်လှုပ်ရှားတဲ့ လှုပ်ရှားမှုလမ်းညွှန်ချက်တစ်ခု ပို၍ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“နှစ်ပေါင်း ၃၀ ကြာပြီးတော့ ပေကျင်းကို ပြန်လည်ရောက်ရှိလာရာမှာ ကျွန်မတို့က တာဝန်အသစ်ကို ထမ်းဆောင်ထားရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်ထိပ်သီးအစည်းအဝေးသည် သမိုင်းဖြစ်စဉ်အား တွန်းအားပေးသည့် အခိုက်အတန့်တစ်ခုဖြစ်လာရန် မျှော်လင့်နေပြီး ယင်းသည် ယခင်ကြေညာချက်များအား ထပ်မံအလေးထားပြောကြားမှုဖြစ်သလို လက်တွေ့လှုပ်ရှားမှုများကို လက်တွေ့ကျင့်သုံးမှု ပို၍ပင်ဖြစ်ရာ အနာဂတ်အား မျက်နှာမူ၍ သစ်လွင်ပြီး အသေးစိတ်ကျသည့် ဦးစားပေးမှုအဆင့်ကို သတ်မှတ်၍ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား ကန့်သတ်သည့် အတားအဆီးများကို ဖယ်ရှားရမည်ဖြစ်ကြောင်း Dilma Rousseff က ဆိုသည်။
အမျိုးသမီးများသည် ပြုပြင်ပြောင်းလဲမှု၏ တွန်းအားပေးသူဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ “အတူတကွတည်ဆောက်သူ” လည်း ဖြစ်သင့်ကြောင်း၊ အန္တရာယ်အထပ်ထပ်ဖြင့် ကမ္ဘာကြီးတွင် အမျိုးသမီးများ ကိုယ်တိုင်သည် ဖြေရှင်းရန် လိုအပ်သည့် အရေးကိစ္စမဟုတ်ဘဲ အရေးကိစ္စဖြေရှင်းမှုတွင် ပါဝင်ရမည့်သူများ ဖြစ်ကြောင်း Dilma Rousseff က ယူဆသည်။
စိန်ခေါ်မှုများစွာ ရှိနေသော်လည်း အမျိုးသမီးများသည် ပြုပြင်ပြောင်းလဲမှု ကျရောက်လာသည်ကို စောင့်ဆိုင်းနေခြင်း မရှိကြောင်း၊ ၎င်းတို့သည် ပြုပြင်ပြောင်းလဲမှုကို ကိုယ်တိုင်ဦးဆောင်နေပြီး အမျိုးသမီးများက တရားမျှတသော၊ စဉ်ဆက်မပြတ်ဖြစ်သောနှင့် ငြိမ်းချမ်းသော အနာဂတ်အား တည်ဆောက်မှုအတွက် အားဖြည့်ပေးနေသောကြောင့် အလွန်အရေးကြီးလှကြောင်း Dilma Rousseff က ဆိုသည်။
BRICS နိုင်ငံများ New Development Bank ဥက္ကဋ္ဌ၏ ပထမဆုံး အမျိုးသမီးဘဏ်ဥက္ကဋ္ဌ အနေဖြင့် Dilma Rousseff က New Development Bank သည် အမျိုးသမီးများ၏ အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာရန် ရည်ရွယ်သော အထူးသဖြင့် ကျေးလက်နှင့် ဝန်ဆောင်မှု မလုံလောက်သည့် လူမှုအသိုက်အဝန်း၌ နေထိုင်ရသော အမျိုးသမီးများက သန့်ရှင်းသော သုံးရေ၊ စွမ်းအင်၊ ပို့ဆောင်ရေးနှင့် နေအိမ် စသည်တို့ ရရှိရန် ကူညီပေးမှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု ပုံစံကို ဖန်တီးပေးလိုက်မှာပါ” ဟု ၎င်းက ဆိုခဲ့သည်။
New Development Bank သည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုတွင် အကျိုးထမ်းဆောင်ပေး၍ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအချက်ကို အကောင်အထည်ဖော်ရန် စီမံကိန်းတစ်ခုချင်းစီအား ကူညီပေးရမည်သာမက ဖွံ့ဖြိုးတိုးတက်မှု အယူအဆကိုလည်း ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း Dilma Rousseff က ပြောကြားခဲ့သည်။
Dilma Rousseff အမြင်တွင် တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် “အရေးကြီးသည့် သမိုင်းအခိုက်အတန့်တစ်ခု၌ ပေါ်ထွက်လာခဲ့” ခြင်းဖြစ်ရာ အရေးကြီးသော လက်တွေ့အနက်အဓိပ္ပာယ်ရှိပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် ကူညီပေးမည်ဖြစ်ပေသည်။
“အစီအမံက စိတ်ကူးယဉ်ဆန်တဲ့ အယူအဆ မဟုတ်ဘဲ ပိုမိုတရားမျှတသော၊ ပိုမိုအားလုံးပါဝင်လက်ခံသော ကမ္ဘာကြီးတည်ဆောက်မှု၏ အခြေခံဖြစ်ပြီး တစ်ဖက်သတ်ဝါဒကနေ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒအထိ လျှောက်လှမ်းလာရန်၊ အတိုက်အခံပြုလုပ်မှုကနေ ပူးပေါင်းဆောင်ရွက်မှုဆီ လျှောက်လှမ်းလာရန် တွန်းအားပေးလိုက်ပါတယ်” ဟု Dilma Rousseff က ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားမျိုးနွယ် သမိုင်း၏ တိုးတက်မှုသည် မကင်းကွာနိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ငြိမ်းချမ်း၍ တရားမျှတသော ဗဟုဝင်ရိုးကမ္ဘာကြီးတစ်ခု တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန် မျှော်လင့်ရကြောင်း Dilma Rousseff က ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
高端访谈|全球妇女峰会将是“塑造未来的战略性机遇”——访金砖国家新开发银行行长罗塞芙
新华社上海10月12日电 高端访谈|全球妇女峰会将是“塑造未来的战略性机遇”——访金砖国家新开发银行行长罗塞芙   新华社记者周蕊
“即将在北京召开的全球妇女峰会不仅是对历史的纪念,更是塑造未来的战略性机遇。”金砖国家新开发银行行长、巴西前总统迪尔玛·罗塞芙日前在接受新华社专访时表示。
1995年,北京第四次世界妇女大会通过《北京宣言》与《行动纲领》,围绕“以行动谋求平等、发展与和平”主题,确定了妇女发展的12个重点关切领域及每个领域的战略目标和政策框架。
罗塞芙说,北京第四次世界妇女大会是“全球携手争取性别平等历程中的里程碑事件”,《北京宣言》与《行动纲领》更是“全球范围内对女性权利前所未有的承诺”,推动全球性别平等议题的讨论发生深刻转变,“30年后的今天,这一成果不仅依然具有现实意义,而且至关重要。《行动纲领》不仅是一份历史文件,更是一份鲜活的行动指南。”
“30年后重返北京,我们肩负着全新的使命。”罗塞芙期待此次峰会成为一个推动历史进程的时刻——既重申过往宣言,更践行实际行动,面向未来设定崭新而具体的优先级,扫清限制女性发展的障碍。
在罗塞芙看来,妇女是变革的推动者,也应当成为全球治理的“共建方”。在危机重重的当今世界,女性本身不是需要解决的问题,而是参与解决问题的一方。
罗塞芙说,尽管存在不少挑战,但女性并未等待变革降临——她们正主动引领变革,赋能女性对构建公正、可持续与和平的未来至关重要。
作为金砖国家新开发银行的首任女性行长,罗塞芙说,新开发银行正支持旨在改善女性的生活环境,尤其是在农村与服务不足社区生活的女性,帮助她们获取清洁用水、能源、交通与住房等。
“我们的投资所向,将塑造未来发展的模样。”罗塞芙说,新开发银行将在全球女性事业发展中作出贡献,引领变革,要实现这一点,不仅需要通过资助一个个项目,更要重塑发展的逻辑。
在罗塞芙看来,中国提出的全球治理倡议“诞生于一个关键的历史时刻”,具有重要的现实意义,将助力构建人类命运共同体。“倡议并非抽象的理想,而是构建更公平、更具包容性世界的基础,推动从单边主义走向多边主义、从对抗走向合作。”罗塞芙说。
罗塞芙说,全球妇女事业的发展与人类历史的进步密不可分,全球治理倡议有望助力构建一个和平公正的多极世界。(完)
图说:7月4日,在巴西里约热内卢举行的新开发银行2025年年会上,巴西前总统、金砖国家新开发银行行长迪尔玛·罗塞芙发表讲话。新华社发(克劳迪娅·马尔提尼摄)