Connect with us

Africa & Middle East

ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းဝေးက ကမ္ဘာ့အမျိုးသမီးကဏ္ဍလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်တွန်းအား ဖြည့်တင်းပေးလိုက်သည်ဟု တောင်အာဖရိကနိုင်ငံ အမျိုးသမီးရေးရာ ဝန်ကြီး Sindisiwe Chikunga ဆို

တောင်အာဖရိကနိုင်ငံ အမျိုးသမီး၊ လူငယ်နှင့် မသန်စွမ်းသူရေးရာ ဝန်ကြီး Sindisiwe Chikunga က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ခ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းဝေးသည် ကမ္ဘာ့အမျိုးသမီးကဏ္ဍလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်များ စုစည်းပေးလိုက်ပြီး အဓိကကျသည့်တွန်းအား ဖြည့်တင်းပေးလိုက်သည်ဟု တောင်အာဖရိကနိုင်ငံ အမျိုးသမီး၊ လူငယ်နှင့် မသန်စွမ်းသူရေးရာ ဝန်ကြီး Sindisiwe Chikunga က အောက်တိုဘာ ၂၀ ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။
Sindisiwe Chikunga သည် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအား တက်ရောက်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ကုလသမဂ္ဂ၏ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံတွင် အတည်ပြုခဲ့သည့် “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” သည် ယနေ့တိုင် ကမ္ဘာ့နိုင်ငံအသီးသီးက ကျား၊ မ တန်းတူညီမျှမှုအား လမ်းညွှန်နေသည့် အရေးကြီး စာရွက်စာတမ်းများ ဖြစ်နေဆဲဖြစ်သည်ဟု Sindisiwe Chikunga က ဆိုသည်။
“နှစ်ပေါင်း ၃၀ ကြာပြီး ယနေ့မှာတော့ ကမ္ဘာ့အမျိုးသမီးများလုပ်ငန်းက အခွင့်အလမ်းအသစ်တွေနဲ့ ရင်ဆိုင်နေရသလို ဆိုးရွားတဲ့စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့နိုင်ငံတကာအသိုက်အဝန်းတွင် ကျား၊ မ တန်းတူညီမျှမှုအား သံသယဝင်သည့် အသံအချို့ ပေါ်ထွက်လာကာ သဘောတူညီမှု ရရှိပြီးသား အယူအဆများအပေါ် အငြင်းပွားမှုများပင် ရှိလာကြောင်း၊ ထိုကဲ့သို့ နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံက ယခုအကြိမ် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပခြင်းသည် အလွန်ပင်အချိန်မီ၍ အရေးကြီးကြောင်း Sindisiwe Chikunga က ပြောကြားခဲ့သည်။
ကျား၊ မ တန်းတူညီမျှမှုကို ဖော်ဆောင်ရာတွင် နိုင်ငံအသီးသီးက အတူတကွကြိုးပမ်းရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံက အဆိုပြုသည့် အစီအမံသည် အဆိုပါလုပ်ငန်းစဉ်အား အင်တိုက်အားတိုက် တွန်းအားပေးမည်ဖြစ်ကြောင်း ၎င်းက ယူဆသည်။
တရုတ်နိုင်ငံက တစ်ကမ္ဘာလုံးမှ အမျိုးသမီး ၅၀,၀၀၀ က တရုတ်နိုင်ငံသို့လာရောက်၍ ကူးလူးဖလှယ် လေ့ကျင့်မှုလုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်းကို ကြိုဆိုကြောင်း၊ “ဒီလိုမျိုး လက်တွေ့ကျကျအစီအမံတွေကြောင့် ပိုများတဲ့ အာဖရိကအမျိုးသမီးတွေက ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း ရရှိလာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ကုလသမဂ္ဂက အဓိကအခန်းကဏ္ဍမှပါဝင်ခြင်းအား ထောက်ခံအားပေးသည့် အယူအဆကို Sindisiwe Chikunga က များစွာသဘောတူချီးကျူးခဲ့သည်။ “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကဏ္ဍလုပ်ငန်းကို တွန်းအားပေးတဲ့ ဖြစ်စဉ်အတွင်းမှာ ကျွန်မတို့က ဘယ်အချိန်ကထက်မဆို ကုလသမဂ္ဂကို လိုအပ်ပါတယ်။ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်ကိုင်ထားမှသာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘယ်နိုင်ငံမှ နောက်ကျမကျန်ခဲ့မှုကို အာမခံပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Sindisiwe Chikunga ၏ အမြင်အရ တောင်အာဖရိက-တရုတ်နှစ်နိုင်ငံက အမျိုးသမီးကဏ္ဍလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သည့် အလားအလာရှိနေသည်။ “တရုတ်နိုင်ငံက သိပ္ပံနည်းပညာကဏ္ဍမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍက ရပ်တည်နေပါတယ်။ ကျွန်မတို့အနေနဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသမီးများ စွန့်ဦးတီထွင်မှုကို အားပေးတဲ့ကဏ္ဍက အတွေ့အကြုံတွေကို လေ့လာသင်ယူချင်ပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်မတို့က တောင်အာဖရိကအမျိုးသမီးများစွာ တရုတ်ဈေးကွက်ကို ဝင်ရောက်ပြီး လုပ်ငန်းလုပ်ဆောင်ကာ ကိုယ်ပိုင်တန်ဖိုးဖော်ဆောင်ဖို့ အားပေးနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တန်းတူညီမျှသည့် မိတ်ဖက်အနေအထားဖြင့် အာဖရိကတိုက်နှင့် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ထိုကဲ့သို့ အပြန်အလှန်လေးစားသည့် သဘောထားသည် အမျိုးသမီးကဏ္ဍလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အလွန်ပင်အရေးကြီးကြောင်း၊ နိုင်ငံတိုင်းက ကျား၊ မ တန်းတူညီမျှမှုအား တွန်းအားပေးဖော်ဆောင်သည့် လမ်းကြောင်းတွင် အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း၊ “ဒါပေမဲ့ အရေးကြီးတာက ကျွန်မတို့က ဒီဘုံရည်မှန်းချက်ဆီကို လျှောက်လှမ်းနေကြတယ် ဆိုတာပါပဲ” ဟု Sindisiwe Chikunga က ပြောကြားခဲ့သည်။
တောင်အာဖရိကသည် ၅ နှစ်တစ်ကြိမ် ကုလသမဂ္ဂထံသို့ “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” အကောင်အထည်ဖော်သည့် တိုးတက်မှုအစီရင်ခံစာအား တင်ပြလျက်ရှိရာ ကြေညာချက်နှင့် အစီအစဉ်၏ အခြေခံမူအား အသေးစိတ်ရလဒ်အဖြစ် ပြောင်းလဲမှုအား စဉ်ဆက်မပြတ် တွန်းအားပေး ဖော်ဆောင်လျက်ရှိသည်ဟု Sindisiwe Chikunga က‌ ပြောကြားခဲ့သည်။
တောင်အာဖရိကက အမျိုးသမီးများ လုပ်ငန်းခွင်ဝင်မှုအား မြှင့်တင်ခြင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု ပပျောက်ရေး၊ အမျိုးသမီးများ ကျန်းမာရေး တိုးတက်ကောင်းမွန်လာခြင်း စသည့်ကဏ္ဍများ၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟုလည်း ၎င်းက တစ်ချိန်တည်းတွင် ပွင့်လင်းစွာ ပြောကြားခဲ့သည်။
ကျား၊ မ တန်းတူညီမျှမှုအား ဖော်ဆောင်မှုသည် အမျိုးသားများ၏ ပါဝင်မှုနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အတူတကွ ကြိုးပမ်းမှုနှင့် မကင်းကွာနိုင်ကြောင်း၊ “နိုင်ငံများက သဘောတူညီချက်များ စုစည်းပြီး အမျိုးသားနဲ့ အမျိုးသမီးတွေ အတူတကွ စိန်ခေါ်မှုများ ရင်ဆိုင်ခြင်း၊ အခွင့်အလမ်းများ မျှဝေခြင်း လုပ်ဆောင်ခိုင်းမှသာ ပိုမိုတန်းတူညီမျှသော၊ အားလုံးပါဝင်မှုရှိသော လူမှုအသိုက်အဝန်းရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မြဲအောင် လုပ်ဆောင်နိုင်မှာပါ” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
专访丨全球妇女峰会为世界妇女事业发展注入关键动力——访南非妇女部长奇昆加
新华社约翰内斯堡10月21日电 专访丨全球妇女峰会为世界妇女事业发展注入关键动力——访南非妇女部长奇昆加   新华社记者白舸 蒋国鹏
南非妇女、青年和残疾人事务部部长辛迪茜韦·奇昆加20日在约翰内斯堡接受新华社记者专访时表示,全球妇女峰会为推动世界妇女事业持续发展凝聚了广泛共识,注入了关键动力。
13日至14日,奇昆加参加在北京举行的全球妇女峰会。奇昆加说,30年前,联合国第四次世界妇女大会通过的《北京宣言》和《行动纲领》,至今仍是指导各国推动性别平等的重要文件。
“30年后的今天,全球妇女事业既面临新的机遇,也面临严峻挑战,”奇昆加说,当今国际社会出现了一些质疑性别平等理念的声音,甚至对已经达成共识的基本概念产生争议。在此背景下,中国举办这次全球妇女峰会显得尤为及时和重要。
她认为,实现性别平等需要各国共同努力,中方提出的举措将有力推动这一进程。她对中国邀请全球5万名妇女赴华交流培训表示欢迎,“这些实实在在的举措将帮助更多非洲女性获得发展机会”。
奇昆加高度赞同中方关于支持联合国发挥核心作用的主张。“在推进全球妇女事业的进程中,我们比以往任何时候都更需要联合国。唯有坚持多边主义,才能确保共同发展、不让任何一国掉队。”
在奇昆加看来,南中两国在妇女事业发展方面有广泛合作潜力。“中国在科技领域处于领先地位,我们希望学习中国在支持女性创业方面的经验。同时,我们也鼓励更多南非女性进入中国市场开展业务,实现个人价值。”
奇昆加说,中国始终以平等伙伴的身份与非洲开展合作,这种相互尊重的态度对促进妇女事业发展尤为重要。每个国家在推进性别平等的道路上都会遇到困难,“但最重要的是,我们都在朝着这个共同目标前进”。
奇昆加还说,南非每五年向联合国提交《北京宣言》和《行动纲领》执行进展报告,持续推动宣言和纲领确立的原则转化为具体成果。她同时坦言,南非在促进女性就业、消除性别暴力、改善女性健康等方面仍面临挑战。
她强调,性别平等的实现离不开男性的参与和国际社会的共同努力。“只有各国凝聚共识,让男性与女性共同面对挑战、分享机遇,才能为构建更加平等、包容的社会筑牢根基。”(完)
图说1:10月20日,南非妇女、青年和残疾人事务部部长辛迪茜韦·奇昆加在约翰内斯堡接受新华社记者专访。 新华社记者 白舸 摄