Asia
တရုတ်သူနာပြုပညာရှင်က ထိုင်းနိုင်ငံ၌ ဂုဏ်ပြုဆုဆွတ်ခူးရရှိ

ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ထိုင်းတော်ဝင် မင်းသမီး မဟာချက္ကရီ သီရိဒုံ (Maha Chakri Sirindhorn) သည် ယခင် တရုတ်လက်နက်ကိုင်ရဲတပ်ဖွဲ့ ဆေးရုံချုပ် ဒုတိယဆေးရုံအုပ်၊ သူနာပြုဌာန ဌာနမှူး ကျန်းလိယန်၏ သူနာပြုကဏ္ဍ၌ အကျိုးထမ်းဆောင်မှုများအား ဂုဏ်ပြုချီးမြှင့်ရန်အလို့ငှာ အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နန်းတော်ကြီး၌ ၎င်းအား ၂၀၂၅ ခုနှစ် မယ်တော်ကြီး သီရိနဂရိန္ဒြာဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မင်းသမီး မဟာချက္ကရီ သီရိဒုံက ကျန်းလိယန်သည် သူနာပြုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးချွန်စံပြဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပြီး ၎င်းသည် ကာလကြာရှည်စွာ တရုတ်နိုင်ငံနှင့် နိုင်ငံများစွာ၌ အရေးကြီးဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကာ ရဲဝံ့သော၊ ခိုင်မြဲသောနှင့် ကိုယ်ကျိုးမဲ့ပေးဆပ်သောစိတ်ဓာတ်ဖြင့် လူ့အသက်များကို ကယ်ဆယ်ခြင်း၊ ကပ်ဘေးသင့်ပြည်သူများ၏ နာကျင်ခံစားရမှုကို လျှော့ချခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသည် မွန်မြတ်သော အကျိုးထမ်းဆောင်မှုစိတ်ဓာတ်ကို ပေါ်လွင်စေရုံသာမက နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုလည်း မြှင့်တင်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
ကျန်းလိယန်က ဆုလက်ခံရရှိပြီးနောက် ဆင်ဟွာသတင်းထောက် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ၎င်းက ၂၀၁၀ ပြည့်နှစ်တွင် ပါကစ္စတန်နိုင်ငံသို့ သွားရောက်၍ ရေကြီးရေလျှံမှု ကယ်ဆယ်ရေးတွင် ပါဝင်ခြင်း စသည့် လှုပ်ရှားမှု အတွေ့အကြုံများကို မျှဝေခဲ့ပြီး အနာဂတ်တွင် ထိုင်းနိုင်ငံနှင့် တစ်ကမ္ဘာလုံးမှ သူနာပြု လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကူးလူးဖလှယ်ရေး မြှင့်တင်ခြင်း၊ သဘာဝဘေးအန္တရာယ် သူနာပြုလုပ်ငန်းဆိုင်ရာ လေ့ကျင့်မှု၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းစဉ် မြှင့်တင်မှုနှင့် စေတနာ့ဝန်ထမ်း ဝန်ဆောင်မှု စသည့်ကဏ္ဍ အတွေ့အကြုံများအား မျှဝေခြင်းတို့ကို လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အခါသမယ၌ အဆိုပါဆုကို လက်ခံရရှိခြင်းသည် အလွန်ထူးခြားသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ အနာဂတ်လုပ်ငန်းများအတွင်း တရုတ်-ထိုင်း ချစ်ကြည်ရေး နက်ရှိုင်းစေရန် ပိုမိုများပြားသော အကျိုးကို ထမ်းဆောင်သွားလိုပြီး သူနာပြုအတတ်ကို ပေါင်းကူးတံတားအဖြစ်ထားရှိ၍ ပိုမိုများပြားသော အသက်များအား စောင့်ရှောက်ခြင်းဆိုင်ရာ နွေးထွေးသော အကြောင်းအရာများကို ဆက်လက်ရေးသားသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
မယ်တော်ကြီး သီရိနဂရိန္ဒြာသည် ထိုင်းနိုင်ငံ ဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်ဂျ်၏ မိခင်ဖြစ်ပြီး ၎င်းသည် ထိုင်း၊ အမေရိကန်တို့၌ သူနာပြုစောင့်ရှောက်မှုအား လေ့လာသင်ယူခဲ့ဖူးကာ ထိုင်းနိုင်ငံ သူနာပြုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးချွန်သော အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်ခဲ့သည်။ မယ်တော်ကြီး သီရိနဂရိန္ဒြာဆု ဖောင်ဒေးရှင်းကို ၂၀၀၀ ပြည့်နှစ်တွင် ထူထောင်ခဲ့ပြီး အဆိုပါဆုသည် ကမ္ဘာ့ဒေသအသီးသီး သူနာပြုကဏ္ဍများတွင် ထူးချွန်သော အကျိုးထမ်းဆောင်မှုရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် အစုအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ရန် ရည်ရွယ်သည်။ မင်းသမီး မဟာချက္ကရီ သီရိဒုံသည် လက်ရှိအဆိုပါဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
中国护理专家在泰国获奖
新华社曼谷10月23日电(记者常天童 夏康静)泰国诗琳通公主22日在曼谷大王宫将2025年度西娜卡琳达王太后奖颁发给原中国武警总医院副院长兼护理部主任张利岩,以表彰其在护理领域的贡献。
诗琳通公主在颁奖仪式上称赞张利岩是护理事业发展的杰出榜样,长期以来在中国和多国参与重大灾难救援工作,以勇敢、坚定和无私奉献的精神拯救生命、减轻灾民痛苦,不仅体现了崇高的奉献精神,也促进了国家间的友好关系。
张利岩在获奖后接受新华社记者采访时,分享了其在2010年率队远赴巴基斯坦参与洪灾救援等活动的经历,表示期待未来能与泰国及全球的护理同仁们加强交流,分享灾害护理培训、应急流程优化及志愿护理服务等方面的经验。她说,在中泰建交50周年的时刻获得这一奖项具有特别意义,愿在未来的工作中为深化中泰友谊作出更多贡献,以护理为桥,续写更多守护生命的温暖故事。
西娜卡琳达王太后是泰国先王普密蓬·阿杜德的母亲,她曾在泰国、美国学习护士护理,为泰国护理事业发展作出杰出贡献。西娜卡琳达王太后奖基金会于2000年成立,此奖旨在表彰世界各地在护理领域有杰出贡献的个人或团体。基金会主席现由诗琳通公主担任。(完)