Connect with us

Asia

ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး ၂၀၂၅ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကျင်းပပြီးစီး

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး ၂၀၂၅ (Peace and Friendship 2025) ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အောက်တိုဘာ ၂၃ ရက်တွင် မလေးရှားနိုင်ငံ Puchong အမျိုးသား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အခြေစိုက်စခန်း၌ ကျင်းပပြီးစီးခဲ့သည်။

တရုတ်-မလေးရှား တပ်မတော်နှစ်ရပ်၏ တစ်နှစ်ပတ်လည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး ၂၀၂၅ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၅ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် “လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် ပင်လယ်ပြင်လုံခြုံရေး” အကြောင်းအရာဖြင့် မလေးရှားနိုင်ငံ Puchong အမျိုးသား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အခြေစိုက်စခန်း၊ Klang ဆိပ်ကမ်း၊ Subang လေတပ်အခြေစိုက်စခန်းနှင့် မလက္ကာရေလက်ကြား ပင်လယ်ပြင်၌ အဓိကအားဖြင့် လုပ်ဆောင်ခဲ့ရာ လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ပင်လယ်ရေပြင်လုံခြုံရေးဆိုင်ရာ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ရေးနှင့် လေတပ်များ ဖလှယ်ဆွေးနွေးပွဲ စသည့်လှုပ်ရှားမှုများကို အဓိကလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး ၂၀၂၅ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တရုတ်-မလေးရှား တပ်မတော်နှစ်ရပ်က ပူးတွဲစစ်ရေးလေ့ကျင့်မှု ပူးပေါင်းဖလှယ်မှုအား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၏ နောက်ဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး တပ်မတော်နှစ်ရပ်က လူသားချင်းစာနာမှုအန္တရာယ်အား အတူလက်တွဲရင်ဆိုင်ရန်၊ ပင်လယ်ရေပြင် လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းရန် စသည့်ကဏ္ဍများ၌ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုများ ရရှိခဲ့ပြီး တရုတ်-မလေးရှားနှစ်ဖက်အနေဖြင့် ဒေသတွင်းငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုအား အတူတကွ တွန်းအားပေးဖော်ဆောင်သည့် ယုံကြည်ချက်၊ သန္နိဋ္ဌာန်ကို ပေါ်လွင်စေကြောင်း သိရသည်။
တရုတ်ဘက်မှ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် အရာရှိစစ်သည်များသည် အောက်တိုဘာ ၂၄ ရက်၌ မူလတပ်ဖွဲ့ဆီသို့ ပြန်လည်ထွက်ခွာသွားမည်ဖြစ်သည်။ (Xinhua)

——————
(Chinese Version)
“和平友谊-2025”联合演习闭幕
新华社吉隆坡10月23日电(赖瑜鸿 王豪)为期9天的“和平友谊-2025”联合演习23日在马来西亚蒲种国家灾害救援基地闭幕。
根据中马两军年度军事合作计划,“和平友谊-2025”联合演习10月15日至23日在马来西亚举行。联合演习以“人道主义救援减灾与海上安全”为课题,主要在马来西亚蒲种国家灾害救援基地、巴生港、梳邦空军基地及马六甲海峡水域进行,重点开展人道主义救援减灾、海上安全实兵演练和空军交流研讨活动等。
据介绍,“和平友谊-2025”是中马两军深化联演交流合作的最新实践,充分展示了两军在携手应对人道主义危机、维护海上安全等方面的广泛共识,彰显了中马双方共同致力于推动地区和平与稳定的信心、决心。
中方参演官兵将于24日回撤归建。(完)