Connect with us

Africa & Middle East

G20 ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတကာဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် သဘောတူညီချက်ရရှိရန် တောင်အာဖရိက မျှော်လင့်

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က လွှတ်တော်၌ လွှတ်တော်အမတ်များမေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိပ်တောင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံအနေဖြင့် နိုဝင်ဘာလ လကုန်ပိုင်း၌ ကျင်းပမည့် G20 ခေါင်းဆောင်များ ဂျိုဟန်နက်စ်ဘာ့ခ် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတကာဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် သဘောတူညီချက်နှင့် ကတိကဝတ်များရရှိရန် မျှော်လင့်ကြောင်း တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က နိုဝင်ဘာ ၆ ရက်တွင် တောင်အာဖရိကနိုင်ငံ မြို့တော်ကိပ်တောင်း၌ ပြောကြားခဲ့သည်။
တောင်အာဖရိကအနေဖြင့် “စည်းလုံးညီညွတ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် စဉ်ဆက်မပြတ်ဖြစ်ခြင်း” တို့ကို G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ထမ်းဆောင်သည့်ကာလအတွင်း ဆွေးနွေးမှုခေါင်းစဉ်အဖြစ် ထားရှိကာ ပိုမိုတည်ငြိမ်သော၊ ထိရောက်မှုရှိ၍ ကြံ့ကြံ့ခံနိုင်ရည်ရှိသော နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း Cyril Ramaphosa က ထိုနေ့ညနေတွင် တောင်အာဖရိကနိုင်ငံ လွှတ်တော်၌ လွှတ်တော်အမတ်များ၏ မေးမြန်းမှုကို ဖြေကြားချိန်တွင် ပြောကြားခဲ့သည်။

တောင်အာဖရိကအနေဖြင့် ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ အာဖရိကဖွံ့ဖြိုးတိုးတက်မှုဘဏ် စသည့် နိုင်ငံစုံ ဘဏ္ဍာရေးအဖွဲ့အစည်းများ သဘောတူညီချက်ရရှိမှုကို မြှင့်တင်ခြင်းဖြင့် နိုင်ငံများက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်အား ဖော်ဆောင်မှုကို ပိုမိုထိရောက်စွာကူညီပေးရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
ကြွေးမြီကြောင့် ထိလွယ်ရှလွယ်ဖြစ်မှုသည် အလယ်အလတ်အဆင့်ဝင်ငွေနိုင်ငံများ၏ ဘဏ္ဍာရေး အလားအလာ၊ တိုးတက်မှုအလားအလာနှင့် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု ပြဿနာအား ဖြေရှင်းသည့် စွမ်းရည်ကို အကန့်အသတ်ဖြစ်စေကြောင်း၊ တောင်အာဖရိကအနေဖြင့် ယခုအကြိမ်အစည်းအဝေးတွင် အဆိုပါပြဿနာများအား ကိုင်တွယ်စီမံရန်အတွက် နိုင်ငံရေးအရကတိကဝတ်ပြုရန်၊ G20 “ကြွေးမြီစီမံမှု ဘုံမူဘောင်” အား အကောင်အထည်ဖော်မှုကို တစ်ဆင့်တိုးတွန်းအားပေးရန် မျှော်လင့်ကြောင်း Cyril Ramaphosa က ပြောကြားခဲ့သည်။

တောင်အာဖရိကအနေဖြင့် ယခုအကြိမ်ထိပ်သီးအစည်းအဝေးတွင် တစ်ကမ္ဘာလုံး ဘဏ္ဍာရေးလုံခြုံမှုကွန်ရက် တည်ဆောက်မှုအား ထောက်ခံအားပေးရန်၊ ဖွံ့ဖြိုးဆဲစီးပွားရေးအစုအဖွဲ့က နိုင်ငံတကာစီးပွားရေးနှင့် ဘဏ္ဍာရေးဆုံးဖြတ်ချက်အတွင်း ကိုယ်စားပြုမှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်းလည်း Cyril Ramaphosa က ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် G20 ခေါင်းဆောင် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

——————
(Chinese Version)
南非期待G20峰会就改革国际金融体系达成共识
新华社开普敦11月6日电(记者王晓梅 王雷)南非总统拉马福萨6日在南非立法首都开普敦表示,南非期待本月下旬举行的二十国集团(G20)领导人约翰内斯堡峰会达成改革国际金融体系的共识和承诺。
拉马福萨当天下午在南非国民议会回答议员提问时说,南非将“团结、平等和可持续性”作为担任二十国集团轮值主席国期间的议程主题,致力于构建一个更加稳定、有效且具有韧性的国际金融体系。南非期待本次峰会就加强世界银行、国际货币基金组织、非洲开发银行等多边金融机构达成共识,使之能够更加有效地帮助各国实现可持续发展目标。
拉马福萨说,债务脆弱性限制了中低收入国家的财政空间、增长潜力以及解决贫困与不平等问题的能力,南非期待本次峰会就应对这一问题作出政治承诺,进一步推动二十国集团《债务处理共同框架》的落实。
拉马福萨还说,南非期待本次峰会支持加强全球金融安全网络建设,提升发展中经济体在国际经济与金融决策中的代表性。
二十国集团领导人第二十次峰会定于11月22日至23日在南非约翰内斯堡举行。(完)
图说:11月6日,在南非开普敦,南非总统拉马福萨在国民议会回答议员提问。新华社发(哈比索·姆卡贝拉 摄)