Asia
ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး ပူးတွဲကြေညာချက် ဖော်ဆောင်ရေးကို ယာယီရပ်ဆိုင်းရန် ထိုင်းဝန်ကြီးချုပ် ဆုံးဖြတ်
ဘန်ကောက်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သည် ထိခိုက်ဒဏ်ရာရခဲ့ မှုနှင့် စပ်လျဉ်း၍ အာဆီယံယာယီလေ့လာစောင့်ကြည့်ရေးအဖွဲ့ထံတွင် ကမ္ဘောဒီးယားကို ကန့်ကွက်ဆန္ဒပြရန် သက်ဆိုင်ရာဌာနများအား ညွှန်ကြားခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးပူးတွဲကြေညာချက် ဖော်ဆောင်ရေးကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က တော်ဝင်ရဲတပ်ဖွဲ့ဌာနချုပ်၌ နိုဝင်ဘာ ၁၀ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat က နိုဝင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယားအကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည့် မူလသတ်မှတ်ထားသည့်အစီအစဉ်ကိုလည်း ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ Si Sa Ket ပြည်နယ်တွင် နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိုင်းစစ်သည် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် မေလမှစ၍ ထိုင်း-ကမ္ဘောဒီးယားနှစ်ဖက်သည် နယ်မြေပိုင်နက် အငြင်းပွားမှုများကြောင့် နယ်စပ်ဒေသများတွင် ပဋိပက္ခများဖြစ်ပွားခဲ့သည်။ တင်းမာမှုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် နှစ်နိုင်ငံသည် နယ်စပ်ဂိတ်အများစုကို ပိတ်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းကိုသာ ဖွင့်လှစ်ရန် ထိန်းသိမ်းထားသည်။ အောက်တိုဘာ ၂၆ ရက်တွင် နှစ်နိုင်ငံသည် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ငြိမ်းချမ်းရေးပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)
……………….
(Chinese Version)
泰国总理决定暂停执行泰柬和平联合声明
新华社曼谷11月10日电(记者林淑婷)泰国总理阿努廷10日在皇家警察总部对媒体说,就泰国士兵在泰柬交界处因地雷爆炸受伤一事,他已指示有关部门考虑向东盟临时观察团抗议柬埔寨,并决定暂停执行泰柬和平联合声明。
泰总理府发言人西里蓬当天说,原定于12日释放柬埔寨被俘人员的计划也将暂停。 泰柬边境的四色菊府10日上午发生地雷爆炸,两名泰国士兵受伤。
今年5月以来,泰柬双方因领土争议在边境地区发生多轮冲突。由于紧张局势持续,两国已关闭大部分边境口岸,仅保持人道主义通行。10月26日,两国在第47届东盟峰会期间签署和平联合声明。(完)
图说:10月10日,在泰国沙缴府,泰军士兵在泰柬边境区域进行排雷作业。新华社记者 孙玮彤 摄
