Africa & Middle East
“အပြုံးခရီးစဉ်” လှုပ်ရှားမှု စတင်ခြင်း အခမ်းအနားအား ဇမ်ဘီယာနိုင်ငံ လုဆာကာမြို့၌ ကျင်းပ
လုဆာကာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
“အပြုံးခရီးစဉ်” (Smile Mission) လှုပ်ရှားမှု စတင်ခြင်း အခမ်းအနားအား နိုဝင်ဘာ ၁၉ ရက်တွင် ဇမ်ဘီယာနိုင်ငံ လုဆာကာမြို့၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟန်ကျင့်၊ ဇမ်ဘီယာနိုင်ငံ ကျန်းမာရေးဝန်ကြီး Elijah Muchima စသည့် ဇမ်ဘီယာနိုင်ငံ အစိုးရအရာရှိများ၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ဇမ်ဘီယာနိုင်ငံ အခြေစိုက်ရုံးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ “အပြုံးခရီးစဉ်” လှုပ်ရှားမှု ဆေးကုသရေး ပညာရှင်အဖွဲ့၊ ဇမ်ဘီယာနိုင်ငံတွင် လာရောက်ကူညီသည့် ဆေးကုသရေးအဖွဲ့ စသည့် တရုတ်ဘက်မှကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဟန်ကျင့်က တရုတ်နိုင်ငံအနေဖြင့် ဇမ်ဘီယာနိုင်ငံနှင့်အတူလက်တွဲကြိုးပမ်းကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး “မိတ်ဖက်လှုပ်ရှားမှု ၁၀ ရပ်” အား ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရန်၊ ကျန်းမာရေးအပါအဝင် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့ရန်၊ တရုတ်-ဇမ်ဘီယာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန်အတွက် အင်အားအကျိုးပံ့ပိုးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Elijah Muchima က တရုတ်နိုင်ငံအစိုးရက ကာလကကြာရှည်စွာ ဇမ်ဘီယာနိုင်ငံ ကျန်းမာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖိုးတန်သော ထောက်ခံအားပေးမှုအား ကျေးဇူးတင်ရှိကြောင်း၊ “အပြုံးခရီးစဉ်” လှုပ်ရှားမှုကို ဇမ်ဘီယာနိုင်ငံ၌ ပထမဆုံးအကြိမ် လာရောက်အကောင်အထည်ဖော်ခြင်းသည် ဇမ်ဘီယာ-တရုတ် နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးအား အပြည့်အဝ ထင်ဟပ်စေကြောင်း၊ ယခုအကြိမ်လှုပ်ရှားမှုသည် လူနာများအတွက် လက်တွေ့ကူညီမှုများ ပံ့ပိုးပေးနိုင်သည်သာမက ဇမ်ဘီယာနိုင်ငံအတွက် ဒေသတွင်းဆေးကုသရေး လူရည်ချွန်များ ပျိုးထောင်ပေးကာ ဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုစွမ်းရည်အား မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် “အပြုံးခရီးစဉ်” လှုပ်ရှားမှုသည် တရုတ်နိုင်ငံအစိုးရက အာဖရိကတိုက်၌ ဖော်ဆောင်သည့် ပထမဆုံး နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဆေးကုသရေး ကူညီမှုစီမံကိန်းဖြစ်ကာ ဇမ်ဘီယာနိုင်ငံမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာပေါင်း ၆၀ ခန့်အတွက် ကုသိုလ်ဖြစ်ခွဲစိတ်ကုသမှု လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
“微笑行”活动启动仪式在卢萨卡举行
新华社卢萨卡11月19日电(记者彭立军)“微笑行”活动启动仪式19日在赞比亚首都卢萨卡举行。中国驻赞比亚大使韩镜、赞比亚卫生部长伊莱贾·穆奇马等赞政府官员、联合国儿童基金会驻赞比亚办事处代表以及来自中国国家卫生健康委、“微笑行”活动医疗专家组、援赞医疗队等中方代表参加活动。
韩镜表示,中方愿同赞方携手努力,落实好中非合作论坛北京峰会“十大伙伴行动”,拓展包括卫生健康在内各领域务实合作,为深化中赞全面战略合作伙伴关系、构建人类命运共同体贡献力量。
穆奇马表示,感谢中国政府长期以来为赞比亚卫生健康事业发展提供的宝贵支持。“微笑行”活动首次走进非洲就落地赞比亚,充分体现赞中两国传统友好关系。本次活动不仅能为患者提供切实帮助,还将为赞比亚培养本土诊疗人才、提升当地医疗卫生服务能力。
此次“微笑行”活动是中国政府在非洲开展的第一个唇腭裂医疗援助项目,计划为赞比亚约60名唇腭裂患者义务提供手术治疗。(完)
图说:5月30日,在赞比亚首都卢萨卡,两名女孩在第24届“汉语桥”世界大学生中文比赛和第18届“汉语桥”世界中学生中文比赛赞比亚赛区决赛现场等待参加演出。 新华社记者 彭立军 摄
